အခန်း (၇၂.၁)

Start from the beginning
                                    

"သခင်​လေးယဲက တကယ့်ကို စားချင်စိတ် ကြီးမားတာပဲ"ပိုင်ယွင်ကျင်းက အပြုံး​လေးနှင့် ဆိုလာခဲ့သည်။ 

"ဒီတိုင်းပါပဲ၊ ပန်းကန်ထဲက အရာ​တွေက ပမာဏ နည်းနည်းပဲ ပါလို့ပါ"

ပိုင်ချင်းဟယ်က ထို​နေရာ၌ပင် မထိုင်ရဲ​တော့ပဲ သူတို့စားပွဲဝိုင်းသို ဦးတည်ကာ ​လျှောက်လှမ်းသွားခဲ့သည်။

"သခင်​လေးယွင်ကျင်းနဲ့ သခင်​လေးယွင်ရှီတို့ကို ဒီမှာ ​တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားမိဘူး"

ပိုင်ယွင်ရှီသည် အနည်းငယ် စိတ်ဓါတ်ကျသလို ခံစားလိုက်ရသည်။ သူဟာ သူ့တည်ရှိ​နေမှုကို ​လျော့ပါးသွား​အောင် လုပ်ဖို့ ကြိုးစား​နေခဲ့​ပေမဲ့ သူသိသည့် လူတစ်​ယောက်နှင့် ​တွေ့ဆုံလိုက်ရ​သေးသည်။ ဒါ​တွေအားလုံးက သူ့အကိုကြီးနဲ့ သူမရီးတို့ရဲ့ အပြစ်​တွေပဲ။

"ချင်းဟယ် မင်းပဲ။ မကြာ​သေးခင်က မင်း ​ကောင်း​ကောင်းလုပ်ခဲ့တယ်လို့ ကြားတယ်" ပိုင်ယွင်ကျင်းက ​ပြန်ဖြေလိုက်သည်။

ပိုင်ချင်းဟယ်ဟာ အလွန်ဂုဏ်ယူမိသလို ခံစားလိုက်ရပြီး "မင်းက ကျွန်​တော့်ကို အရမ်း ချီးကျူး​နေတာပါ။ ဒါနဲ့ ဒါက ..."

"ယွင်ရှီသူငယ်ချင်း​လေ" ပိုင်ယွင်ကျင်းက ပြန်​ဖြေလိုက်သည်။

"သခင်​လေးယွင်ရှီရဲ့ သူငယ်ချင်း​ပေါ့။ သူက အရမ်းထူးချွန်​နေပုံရတာ မအံ့သြ​တော့ပါဘူး" ပိုင်ချင်းဟယ်သည် ယဲဖန်ကို အနည်းငယ်​လောက် ​ချောင်းမကြည့်မိဘဲ မ​နေနိုင်​​တော့ပေ။

ပိုင်ယွင်ရှီက​တော့ သူ့စိတ်ထဲတွင် ​အေးစက်စက်သာ ပြုံးပြလိုက်သည်။ ယဲဖန် ရုပ်ရည်က အဆင်​ပြေ​ပေမယ့် သူ့စားသောက်ပုံက​တော့ အရမ်းရုပ်ဆိုးလွန်း​ပေသည်။ ပိုင်ချင်းဟယ်​တော့ ထူးချွန်သည် ဆိုသည့် စကားလုံး​ပြောဖို့ အ​တော်​လေးအားယူလိုက်ရ​လောက်​သည်။

ပိုင်ယွင်ရှီက ယဲလင်းအား စပ်စုစွာ ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ​တွေး​နေမိ၏ 'ယဲဖန်အ​ပေါ် သ​ဘောကျ​နေတယ်ဆိုတဲ့ အမျိုးသမီးက ဒီတစ်​ယောက်ပဲ ဖြစ်လိမ့်မယ်'

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now