အခန်း (၇၂)

Start from the beginning
                                    

ယဲဖန်သည် သူ့ဘက် ယိမ်းလာကာ "အဲ့ဒီစားပွဲဝိုင်းက အမျိုးသမီးက ငါ့ကို ​ကြွေ​နေတယ်။ သူမက ငါ့ကို စိုက်ကြည့်​နေတာ။ ငါ့ကို အမြဲကတိ​ပေး​နော် မဟုတ်ရင် တခြားတစ်​ယောက်ယောက်က ငါ့ကို ​ခေါ်​ဆောင်သွား​တော့မှာ"

ပိုင်ယွင်ရှီက ​အေးစက်စက် ပြုံးပြလိုက်ပြီး "မင်း အ​တွေးလွန်​နေတာပါကွာ။ မင်းရဲ့ စား​သောက်ပုံက ရယ်စရာ​ကောင်းတယ်လို့ သူမက ထင်​နေတာကွ"

"မင်း ဘာ​ပြော​ပြောကွာ၊ သူမ ငါ့ကိုကြည့်​နေပုံက တကယ့်ကို မတူဘူး" ယဲဖန်က ယုံကြည်မှုအပြည့်နှင့် ဆိုလာခဲ့သည်။

ပိုင်ယွင်ရှီ "ဒါ​ပေါ့၊ ရွံရှာမှု အပြည့်​တွေနဲ့​လေ"

ယဲဖန်က ​မေးလိုက်သည် "ရွံရှာမှု​​တွေလား။ ဘာလို့လဲ"

ပိုင်ယွင်ရှီက ပုခုံးတွန့်ရင်း "ဘာလို့လဲဆို​တော့ စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်းလို့​လေ"

ယဲဖန် "....."

.......

​ဘေးနားတွင် မတ်တပ်ရပ်​နေ​သော စားပွဲထိုး​လေးနှစ်​ယောက်သည် ​တီးတိုး​ပြော​နေခဲ့သည် "အဲ့စားပွဲကဧည့်သည်​တွေက ဟင်းပွဲဒါဇင်နဲ့ချီပြီး မှာထားတာ။ ​သောက်ရမ်းချမ်းသာတာပဲ"

"မင်းသေချာလို့လား။ ​စောနတုန်းက ​သောက်စရာမှာတုန်းကဆို ကိုလာ နဲ့ စပရိုက်​တွေ မှာ​နေခဲ့တာ​လေ။ ငါက မရှိဘူး လို့ ​ပြောလိုက်​တော့ ငါ့ကို ဝါးဟားဟား​ရှိလားလို့ ​မေးတယ်​လေ။ သူတို့ မီနူးကို ကြည့်လိုက်တော့ အနည်းဆုံး သုည၂လုံးစာ​လောက်​တော့ ရှိ​နေပြီ။ သူ​ငွေရှင်းတဲ့အခါမှ ဘာ​တွေဖြစ်မလဲဆိုတာ ဘယ်သူ သိမှာလဲ"

"စိတ်မပူပါနဲ့။ အဲ့ကောင်က မတတ်နိုင်ဘူးဆိုရင်​တောင် သူ့​ဘေးက လူကိုပဲ ကြည့်လိုက် သူဝတ်ထားတာက Vacheron Constantin limited editionကြီး၊ အဲ့ဒါက သန်း​ပေါင်းများစွာ အဖိုးတန်တယ် "

"စိတ်မပူပါနဲ့။ အဲ့ကောင်က မတတ်နိုင်ဘူးဆိုရင်​တောင် သူ့​ဘေးက လူကိုပဲ ကြည့်လိုက် သူဝတ်ထားတာက Vacheron Constantin limited editionကြီး၊ အဲ့ဒါက သန်း​ပေါင်းများစွာ အဖိုးတန်တယ် "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now