အခန်း (၆၉)

Start from the beginning
                                    

စုန်ချီမင်က သူ့သားဖြစ်ကာ သူ့ပုံရိပ်သည်လဲ စုန်မိသားစု၏မျက်နှာကို ကိုယ်စားပြု​လေသည်။ လူ​တွေက သူ့သား အရူးလို ဖြစ်​နေတာ ရှာ​တွေ့သွားခဲ့လျှင် သူက အသိုင်းအဝန်းထဲတွင် ဘယ်လို ​မျိုးနေထိုင်ရမှာလဲ။

"သူ တစ်​ယောက်​ယောက်ကိုများ ​စော်ကားခဲ့ဖူးသလား"

စုန်ဖင်ရှန်းက တစ်ခဏ​လောက် ရပ်တန့်သွားကာ "အဲ့ဒါ ပိုင်မိသားစုက ပိုင်ယွင်ရှီ ဖြစ်မယ်၊ က​လေးဘဝကတည်းက ​နေမ​ကောင်းဘူးဆိုတဲ့တစ်​ယောက်​လေ။ ပိုင်မိသားစုက သူ့ကို ကုသဖို့ နှစ်ပေါင်းများစွာ မ​ရေတွက်နိုင်တဲ့ နည်းလမ်း​ပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်​လေ။ မကြာ​သေးမီက ဒီ​ကောင်​လေးက ယဲဖန်လို့​ခေါ်တဲ့ တစ်​ယောက်နဲ့ ​ရော​နှော​နေခဲ့တယ်။ အဲ့တစ်​ယောက်က နည်းလမ်းတစ်ချို့​တော့ သိတဲ့ပုံပဲ"

ဒါ့အပြင် ဂျပန်လုပ်ကြံသတ်ဖြတ်သူတစ်ချို့သည် ယဲဖန်လက်ထဲတွင် ​သေဆုံးသွားခဲ့သည်ကို ရှာ​တွေ့ထားခဲ့တာ​ကြောင့် သူ့အား ဘယ်လိုပဲဖြစ်ဖြစ် ​ကြောက်ရွံ့​နေမိသည်။

"သူက နဂါးကျား​တောင်ကလား" စုန်ဖင်ယွမ်က ​မေးသည်။

စုန်ဖင်ရှန်းက ​ခေါင်းခါရင်း "မဟုတ်ဘူး၊ ဒါ​ပေမဲ့ သူက အဲ့​တောင်က လူတစ်ချို့နဲ့​တော့ အဆက်အသွယ်ရှိတဲ့ပုံပဲ"

"သူ အသက်ဘယ်​လောက်ရှိပြီလဲ"

"၂၀ အ​စောပိုင်း​လောက်လို့ ထင်တာပဲ" စုန်ဖင်ရှန်းက ပြန်​ဖြေလိုက်သည်။

စုန်ဖင်ယွမ်၏မျက်လုံးများ ကျဥ်း​မြောင်းသွားကာ "အရမ်းငယ်တာပဲ။ သူက ဘယ်လိုများ စွမ်းအားကြီးနိုင်မှာလဲ။ မ​တော်တဆ တစ်​နေရာက​နေ လှည့်ကွက်တစ်ချို့​လောက် သင်ယူခဲ့ဖူးတဲ့ မ​တောက်တ​ခေါက် ​လေ့လာထားသူ​ပဲနေမှာ၊ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်​နေတာ​ အ​တော်​လေး ဖြစ်နိုင်​လောက်တယ်။ ​ရှေးလူ​ကြီးတွေ​ပြောသလိုမျိုး ဘာမှမသိတဲ့သူက အ​ကြောက်တရားလဲ မရှိဘူးတဲ့" အရိပ်သတ်ဖြတ်ခြင်းဂိုဏ်းရှိ လူအများစုမှာ အသက် ၅နှစ်၊ ၆နှစ်​လောက်ကတည်းက စတင်ကျင့်ကြံကြခြင်း ဖြစ်သည်။ ပြီး​တော့ သူတို့​တွေဟာ ဘယ်​လောက်ပဲ အရည်အချင်းရှိရှိ နှစ်ဆယ်အ​​စောပိုင်း​လောက်ဆို လက်သင်အဆင့်ပဲ ဖြစ်​သေးသည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now