23 (Zawgyi)

Mulai dari awal
                                    

" တကယ်လို့များလေ .. သက်လွှာက တီလေးရဲ့အပေါ်မှာ ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားမျိုး ကျူလွန်မိခဲ့မယ်ဆိုရင်လေ .. တီလေး သက်လွှာကို စိတ်ဆိုးသွားမှာလားဟင် "

သက်လွှာရဲ့ဘက်မှ အဆက်အစပ်မရှိပဲ မေးလာတဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်ကို သိမ်မွေ့ထည် အလိုလျောက် နားလည်လိုက်၏။ သက်လွှာဟာ ဘာ့ကြောင့် ထိုမေးခွန်းကို မေးနေရသလဲဆိုတာကို သိမ်မွေ့ထည် သိနေသည်လေ။ ထို့ကြောင့် သူမ အပြုံးလေးတစ်ခုဖြင့်သာ ပြန်ဖြေပေးခဲ့၏။

" စိတ်ဆိုးနိုင်မယ် မထင်ပါဘူးကွယ်။ သက်လွှာက ဒီလောကထဲမှာ တီလေးဘယ်တော့မှ စိတ်ဆိုးလို့ မရမဲ့သူလေ "

သိမ်မွေ့ထည် ပြန်ဖြေတဲ့ စကားကို သက်လွှာ နားမလည်။ ထို့ကြောင့် အူကြောင်ကြောင် ပုံစံလေးဖြင့်

" ဘာလို့လဲဟင် .. ဘာလို့ သက်လွှာက တီလေး စိတ်ဆိုးလို့ မရမဲ့သူဖြစ်နေရတာလဲဟင် "

ထပ်မေးလာတဲ့ မေးခွန်းကို သိမ်မွေ့ထည် ချက်ချင်းပြန်မဖြေပေးနိုင်ခဲ့။ အချိန်အတော်ကြာသည်အထိ သက်လွှာရဲ့ မျက်ဝန်းတွေကို တွေတွေလေးစိုက်ကြည့်လို့နေသည်။

" ဘာလို့လဲဆိုတော့ သက်လွှာက တီလေးအတွက် အရမ်းအရမ်းကို အရေးပါတဲ့သူ၊ တန်ဖိုးရှိတဲ့သူဖြစ်နေလို့ပေါ့ ကလေးလေးရယ် .. "

သက်လွှာကို ပြန်ဖြေပေးလိုက်တဲ့ စကားထဲ၌ သိမ်မွေ့ထည် စာကြောင်း တစ်ကြောင်းကို ချန်လှပ်ခဲ့လေသည်။

'တီလေး ချစ်မိသွားခဲ့တဲ့သူ´ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းကိုပေါ့ .. ။

X    X    X    X    X

" အင်း .. မမပြောသလိုပဲ သက်လွှာက ငယ်သေးတယ်ဆိုတော့ အချစ်နဲ့ သံယောဇဉ်ကို သေသေချာချာ မခွဲခြားနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်လေ "

ဆုဇာချည်ခြယ် က သိမ်မွေ့ထည် ပြောပြသည့် စကားတွေကို နားထောင်ပြီးတဲ့နောက်၌ လေသံခပ်အေးအေးဖြင့် ပြောနေသည်။ သိမ်မွေ့ထည် တော်တော်လေး နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းကိုကြားပြီး ဆု သတင်းလာမေးခြင်းပင်။ ဒီရောက်တော့ သိမ်မွေ့ထည်က မကြာသေးခင်က ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတချို့ကို ရင်ဖွင့်ပြောပြရင်း ဘာဆက်လုပ်ရမလဲဆိုပြီး ဆုနဲ့ တိုင်ပင်ဆွေးနွေးခဲ့သည်။

ElegantTempat cerita menjadi hidup. Temukan sekarang