လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၇

Zacznij od początku
                                    

မိသားစုတွေမို့လို့ မစိုးရိမ်စေချင်တာပေါ့ လို့ စိတ်ထဲတိတ်တိတ်လေးဆိုလိုက်သည်။

အေးအတူပူအမျှဆိုပေမယ့် အချစ်ပန်းအတွက်တော့ အေးတာတွေပဲမျှဝေချင်သည်။

ပူပင်သောကကိုမျှဝေလိုက်တော့ကော သူမချစ်ရသူတွေသာ ထပ်လောင်း ပူပန်ဒေါသဖြစ်ရတာမလား။

အခြေအနေကမှပြောင်းလဲမသွားပဲလေ။

တနေ့လုံးဒေါသဖြစ်ဝမ်းနည်းရတာတွေက သီချင်းနားထောင်ရင်း အိမ်သန့်ရှင်းရေးလုပ်လိုက်

၊ ယူနန်ဟော့ပေါ့လုပ်လိုက်နဲ့ဆိုတော့ မကောင်းတဲ့အတွေးတွေသိပ့်မဝင်တော့။

အချစ်ပန်းအတွက် စိတ်ပင်ပန်းမှုတွေဖြေဖျောက်ဖို့ဆို ဒီလို အလုပ်တခုခုကိုစိတ်နှစ်ကိုယ်နှစ်လုပ်လိုက်ရင် စိတ်တည်ငြိမ်သွားပြီး နောက်ဆက်ပြီး ဘာလုပ်ရမလဲဆိုတာ ခေါင်းအေးအေးတွေးနိုင်လေသည်။

ကောင်းတဲ့ဘက်ကတွေးကြည့်လိုက်လျှင်လည်း သူမတို့သားအမိကိုသဘောမကျတော့ သားလေးနဲ့သူမကို အတင်းအကြပ်ခွဲတာမျိုးမလုပ်ဘူးဆိုတာတော့ ယုံကြည်မိသည်။

သားလေးကိုသာ သူမဆီကခွဲထုတ်ဖို့ကြိုးစားရင်တော့ သမ္မတဖြစ်နေရင်တောင် သူမကြောက်လိမ့်မည်မဟုတ်ပါ။ အဓိကက ဟိုလူကဘာကိစ္စကြောင့် သူမတို့သားအမိဆီ deliဟန်ဆောင် ပီးလာကြည့်တာလဲ ပြီးတော့ ဘာကြောင့် စူစူအတွက်ကျောင်းကို ဆောက်လိုက်တာလဲ။

သူပဲ သူမလိုမော်ဒယ်လေးနဲ့ကလေးမရချင်တာမို့လား။

သူ့ဘက်ကဘာစကားမှပြောဆိုဖူးခဲ့တာမျိုးမရှိတော့ သူ့ရည်ရွက်ချက်ကိုလည်းမသိနိုင်။

ရည်ရွယ်ချက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အိမ်ထောင်သည် ယောကျာ်းတစ်ယောက် နဲ့တော့ ရှုပ်ရှုပ်ယှက်ယှက်လုပ်မည်မဟုတ်။ သူမဘဝမှာ မလုပ်ချင်ဆုံးအရာတခုကိုလုပ်ခဲ့ဖူးပြီးပြီ။

နောက်ထပ် နောင်တရမယ့်အလုပ်ကိုတော့ စိတ်ကူးနဲ့တောင် လုပ်ဖို့ရည်ရွက်ချက်မရှိခဲ့ပါ။

......................

မာမီက လာဗန်ဒါနဲ့သားလေးကိစ္စကိုသိသွားပြီးနောက် သူမနဲ့သွားတွေသည်ဟု ကြားကြားချင်း ရှယ်ယာရှင်အစည်းအဝေးကိုတောင်ဖျက်ပြီး မာမီရှိရာအိမ်ကိုလိုက်လာခဲ့သည်။

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းOpowieści tętniące życiem. Odkryj je teraz