ဆေးသေတ္တာအဝါရောင်လေးထဲကနေ ဆေးတွေ ထုတ်ပေးပြီး တစ်ဖက်အခန်းသို့ ပြန်သွားတဲ့ သူ့တီလေးကို ငေးကြည့်ရင်း သက်လွှာ သက်ပြင်းချမိသည်။ ခရမ်းရောင်ထဘီလေးနဲ့ နို့နှစ်ရောင် ကိုယ်ကြပ်ဆွယ်တာပါးပါးလေးကို ဝတ်ဆင်ထားတဲ့ သူမရဲ့မျက်နှာလေးဟာ အားမရှိသလိုမျိုး ဖြူဖျော့နေသည်လေ။ သူမရဲ့ညိုနေတဲ့ မျက်ကွင်းနှစ်ဖက်က တစ်ညလုံးသူ့ကို ပြုစုပေးထားရတဲ့ သက်သေတွေပဲ မဟုတ်လား။

'ငါတော့ မှားသွားပြန်ပြီ။ ငါ့ကြောင့်တီလေး ပင်ပန်းသွားရပြီ ´

မနေ့ညက ကော့တေးနှစ်ခွက် သောက်ပြီးကတည်းက အိမ်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်ရောက်လာသလဲဆိုတာကိုတောင် သက်လွှာ စဉ်းစားလို့မရဖြစ်နေသည်။ သူ့တီလေးအပေါ်မှာ ပြုမူပြောဆိုခဲ့မိတာတွေကို သတိရဖို့ဆိုတာက ဝေးစွအဆုံးပင်။

X    X    X    X    X

" သက်လွှာ .. ဆေးသောက်ပြီးရဲ့လား "

တစ်ဖက်အခန်းထဲကို ဝင်သွားတော့ ခုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ သူမက သူ့ကို လှမ်းကြည့်ပြီး မေးနေသည်။

" တီလေး အိပ်ပျော်နေပြီတောင် ထင်နေတာ "

" နေ့ဘက်ဆိုတော့ မျက်လုံးက ကြောင်နေတယ်။ ကြိုးစားပြီး အိပ်ပေမဲ့ အိပ်လို့မရဘူးဖြစ်နေတယ် သက်လွှာရယ် "

ခေါင်းအောက်သို့ လက်လေးထိုးထည့်ထားပြီး ဘေးတစောင်းလေး လှမ်းပြောနေသည့် သူမရဲ့အနားသို့ သက်လွှာ လျှောက်သွားလိုက်သည်။ ထို့နောက် ခုတင်စောင်းမှာ တင်ပလွှဲလေးဝင်ထိုင်လိုက်ပြီး

" ဗိုက်မဆာဘူးလားဟင်။ တစ်ခုခုသွားယူလာပေးမယ်လေ "

သူမေးတော့ သူမက သက်ပြင်းတစ်ချက်ချသည်။

" စားချင်စိတ်မရှိလို့ပါ သက်လွှာရယ်။ ဆာမှပဲ ချိုမာ့ကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ် "

" ဒါဆိုလည်း အိပ်ပျော်အောင် အိပ်လိုက်နော်။ သက်လွှာက တီလေးရဲ့ အိပ်ဆေးလေးအဖြစ်နဲ့ ဘေးမှာ ထိုင်ပြီးစောင့်နေပေးမယ်လေနော် .. "

သွားလေးဖြီးကာ  မျက်နှာချိုသွေးပြီး ပြောလိုက်တဲ့အချိန်၌ သူမက အောက်ကနေ မျက်စောင်းလေး ပင့်ထိုး၏။

ElegantWhere stories live. Discover now