အခန်း ၁၈၃

Start from the beginning
                                    

သို့နှင့် သူသည် အမြန် ထွက်သွားတော့သည်။ ကောင်းကင်သခင်အိုကြီး၏ ကျောက်တုံးကဲ့သို့ ခက်ထန်သော မျက်နှာသည် သိသာစွာ ပျက်ယွင်းသွားပြီး သက်ပြင်းချလိုက်သည်။

......................

ချီယုံ၏ ရူးသွပ်မှုနှင့် စိတ်ဆန္ဒကို မည်သူကမှ မတားဆီးနိုင်ပေ။ ထို့အတူ ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမည့် အစီအစဉ်ကိုလည်း မည်သူမှ တားမရပေ။ ကောဝူချန်ထက် ချီယုံ့ကို ပိုသိနားလည်သော ကျန်းလော့သည် ကောဝူချန်ပြောခဲ့သော "ချီယုံက သူ့အသက်ကို မင်းကို ပေးလိမ့်မယ်" ဟူသော စကားထက် ချီယုံသည် လူတစ်ယောက်ကို တွေ့မြင်ပြီး စိတ်ထဲထည့်ပြီးလျှင် ထိုသူအတွက် သူ့စိတ်ဆန္ဒများကိုပင် ချိုးနှိမ်ထားနိုင်ကြောင်း ကျန်းလော့သိသည်။

ချီယုံသည် သူ၏ ဒေါသနှင့် ရုးသွပ်မှုတို့ကို ကျန်းလော့အတွက်နှင့် ချုပ်တည်းထားခြင်းသည် ကျန်းလော့ကို သူ့စိတ်ထဲတွင် အပြည့်အဝ နေရာပေးထားကြောင်း သိသာသည်။

"မင်းက ငါဒဏ်ရာရသွားမှာ ကြောက်နေတယ်"

လှောင်ပြောင်သော စကားလုံးများနှင့် ရယ်မောပြောဆိုလိုက်သော်လည်း မကောင်းဆိုးဝါးသည် ဘာတစ်ခုမှ ပြန်မပြောခဲ့ပေ။ ဤအချက်ကို သတိထားမိသွားပြီး သူ့မျက်နှာသည် တဖြည်းဖြည်း အမူအယာမဲ့လာသည်။ ချီယုံ့အမူအယာ မျက်နှာထားပြောင်းလေ ကျန်းလော့ ပျော်လာလေ ဖြစ်သည်။ သူ၏ ဘယ်ညာယိမ်းနေသော ခြေထောက်သည်ပင် တိတ်တိတ်လေး ကျိတ်ပျော်နေသည့် အနံ့အသက်များ ထွက်လာသလိုပင် ထင်ရသည်။

ချီယုံ တိတ်ဆိတ်နေသည်။

သို့သော် သူတိတ်ဆိတ်နေလေ ကျန်းလော့စကားများ မှန်ကြောင်း သေချာလေဖြစ်သည်။

ကျန်းလော့သည် ရုတ်တရက် လေထုကြီးတစ်ခုလုံး လတ်ဆတ်လာသလို ခံစားလိုက်ရပြီး ပျော်ရွှင်စရာ ညလေး ဖြစ်သွားသလို ခံစားလိုက်ရသည်။ မြေပြင်ပေါ်တွင် ဟိုပြေးသည်ပြေးလုပ်နေကြသော လူများသည်ပင် သူ့မျက်လုံးထဲတွင် ချစ်စရာကောင်းနေပြီး သနားစရာကောင်းနေသည်။ မည်းမှောင်နေသော မျက်နှာဖြင့် သူတို့ရှေ့သို့ ရောက်လာသော ဖုန်းလီကတောင် .. တောင်..

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now