အခန်း (၄၇)

Start from the beginning
                                    

ဒါ​ပေါ့ ယဲဖန် ထိုအ​ကြောင်းအား​တွေး​နေ​ပေမဲ့ အများကြီး​တော့ မမျှော်လင့်ထား​ပေ။ ဘာပဲဖြစ်ဖြစ် သူက မယုံကြည်နိုင်​လောက်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား​လေသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် ဝိညာဥ်ရင်းမြစ်များနည်းပါး​လေ အရည်အချင်းရှိ​လေ ဖြစ်​ပေမဲ့ ဒီယဲဖန်ခန္ဓာကိုယ်က ​ရွှေက​နေ သစ်သား၊ ​ရေ၊ မီး၊ ​မြေကြီး၊ ​လေ၊ မိုးကြိုး နှင့် ​ရေခဲ စသည့် ဝိညာဥ်ရင်းမြစ် ရှစ်ခုလုံး ပိုင်ဆိုင်ထား​လေသည်။ ကျင့်ကြံ​ရေးကမ္ဘာတွင် သူက အမှိုက်ထဲတွင်မှ အဆိုးဝါးဆုံးပင် ဖြစ်​လေသည်။ ဒါ​ပေမဲ့ သူ့တွင် အားသာချက်တစ်ချို့​တော့ ရှိ​သေးသည်။ ကျင့်ကြံခြင်းအဆင့်တူ​အောက်တွင် သူ့ဝိညာဥ်ချီစွမ်းအင်က တစ်ခြားအဆင့်တူများထက် ပို၍ မြင့်မား​လေသည်။

တကယ်​တော့ ယဲဖန်က သူ့အမှိုက်ဝိညာဥ်ရင်းမြစ်ကို သိပ်ဂရုမစိုက်​ပေ။

သူ​မွေးဖွားလာတုန်းက သူက ​ကောင်းကင်ဘုံကိုးနယ်​ပယ်မှော်ပညာကို အ​မွေဆက်ခံခဲ့သည်ကို မည်သူမျှမသိ​ချေ။ ကောင်းကင်ဘုံကိုးနယ်​ပယ်မှော်ပညာလို့ ​ခေါ်ဆိုရခြင်းမှာ ဝိညာဥ်ရင်းမြစ်ရှစ်ခုပိုင်ဆိုင်ထားသူတစ်​ယောက်​အတွက် အလွန်သင့်​တော်ကာ ကမ္ဘာ​ပေါ်ရှိ ဘယ်အရာကိုမဆို ပြန်လည်သန့်စင်နိုင်​လေသည်။

ပီယွမ်ဂိုဏ်း၌ ရှိစဥ်အခါတုန်းက ယဲဖန်သည် ၎င်းကို စွန့်လွှတ်ရန် ​တွေးခဲ့ဖူး​ပေမဲ့ ကံမ​ကောင်းစွာဖြင့် ဂိုဏ်းထဲတွင် ဝိညာဥ်ရင်းမြစ်ရှစ်ခုပိုင်သည့်လူ ဘယ်သူမှ မရှိ​ပေ။ ထိုအမျိုးအစားဝိညာဥ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသည့် တစ်​ယောက်ယောက်က သူ့ခန္ဓာကိုယ်ထဲ ချီစွမ်းအင်အား လမ်းညွှန်ခြင်းဆိုသည့် ကျင့်ကြံ​ခြင်းပထမ​ခြေလှမ်းကို ပြုလုပ်ရန်အတွက်ပင် ခက်ခဲလွန်းနေသည်။ ကျင့်ကြံခြင်းအနိမ့်ဆုံးအဆင့်သို့ ဝင်​ရောက်ရန် အ​ခြေခံအားဖြင့် မဖြစ်နိုင်​ဘဲ မည်သည့်ဂိုဏ်းမှလဲ ထိုလူများကို တပည့်အဖြစ် မလိုချင်ကြ​ပေ။

ယဲဖန်က သို​လှောင်ရုံထဲတွင် အသုံးဝင်သည့် ပစ္စည်းတစ်ချို့ကို ​တွေ့ခဲ့ပြီး ​​ပျော်ရွှင်စွာ ထွက်ခွာသွား​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now