လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၃

Start from the beginning
                                    

မတွေးတော့ဘူးလို့မေ့ပစ်ထားပေမယ့်လဲ ဟိုလူ့အကြောင်းကထပ်မံပြီး အတွေးထဲပေါ်လာပြန်သည်။

သူသဘောကျတဲ့မိန်းကလေးနဲ့ဆိုတော့ ကလေးလေးကိုလည်း သူအရမ်းချစ်မှာသေချာသည်။

....................

မိုးသွန်းပန်းနဲ့ သုခအိမ် ဆရာမ၂ယောက်အိမ်ကို ပင်လယ်စာတွေပို့ပြီး ပြန်လာတော့ သုခအိမ်မှ သူမကို ညစာစားဖို့ခေါ်သည်မို့ နှစ်ယောက်သား မြစ်ကမ်းဘေးက ညဈေးတန်းရှိရာဆီအတူရောက်လာကြသည်။

" သွန်းက ဘာစားချင်လဲ"

ရုတ်တရပ်ကြီး သွန်းလို့ခေါ်လိုက်တော့ သူမစိတ်ထဲ နည်းနည်းတော့ ထူးဆန်းသွားသည်။

" ညဟာက စားပြီးပြီဆိုတော့ ပေါ့ပေါ့ပါးပါး တခုခုစားကြမလား"

" သွန်းက ဘာစားချင်လဲ"

မိုးသွန်းတချက်စဉ်းစားလိုက်ပြီး

" ရေခဲမုန့်စားကြမယ်လေ"

"အိုခေ"

သူခအိမ်နဲ့ဘေးချင်းကပ်ပြီး ရေခဲမုန့်ဆိုင်တန်းတွေဆီလျှောက်လာကြသည်။ ညဈေးမို့ ဆိုင်တန်းတွေတဖက်တချက်စီကြောင့် လမ်းကြောင်းက ကျဉ်းသည်။ လျှောက်လာရင်း လူတွေပိုများလာတာမို့ သူ့ပုခုံးဘေးနား ကပ်ပြီး လူနှစ်ထပ်ပုံစံဖြစ်သွားသည်။

" လူချင်းကွဲသွားလိမ့်မယ် ကျနော် လက်ကိုဆွဲထားလိုက်မယ်နော်"

မိုးပန်းခေါင်းညိမ့်လိုက်လား ခေါင်းခါလိုက်လားမသိလိုက်ပေမယ့် သူရဲ့လက်ဖဝါးကြီးကြီးထဲ သူမလက်ကလေးရောက်သွားသည်။ သုခအိမ်ရဲ့လက်ကပဲနွေးနေလို့လား သူမပဲရှက်လို့လားမကွဲပြားပဲ သူမခန္ဓာကိုယ်တခုလုံးနွေးသွားလေ၏။ သူနောက်မှနေရင်း သူ့ရဲ့ ဂုတ်ပိုးက ဆံပင်လေးတွေကျနေတာကြည့်ပြီး မိုးသွန်းတစ်ယောက် တိတ်တဆိတ်ရင်ခုန်မိနေသည်။

ကိုယ်သင်းနံ့မွှေးမွှေးလေးကလည်း သူမစိတ်ကို လန်းဆန်းနွေးထွေးစေသည်။

ရေခဲမုန့်ဆိုင်ကိုရောက်တော့

" ဗနီလာ ရေခဲမုန့် နှစ်ခုပေးပါ"

မှာပြီး သုခအိမ်က သူမကိုတချက်ကြည့်ကာ

'ဗနီလာကြိုက်တယ်မို့လား'

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now