အခန်း ၁၈၀

Start bij het begin
                                    

"ဆံပင်တိုသွားတာလား"

ချီယုံသည် လှည့်ပတ်၍ ပြောနေသည်။

"ဒါမှမဟုတ် ကိုယ်ကပဲ အဲ့လိုထင်နေတာလား"

သို့သော် သူသေချာ စစ်ဆေးကြည့်ပြီးနောက် ကျန်းလော့ ဆံပင်တို့တကယ်ကြီး တိုသွားကြောင်း သိသွားတော့သည်။ ကျန်းလော့သည် စိတ်ရှည်ရှည်ထားပြီး ငြိမ်ငြိမ်လေးနေနေကာ တစ်ဘဝလုံးစာ၏ ပထမဆုံးအကြိမ်အဖြင့် ချီယုံ့ကို တွန်းမလွတ်ခဲ့ပေ။ သို့သော် ချီယုံသည် စိတ်မချမ်းမသာ ဖြစ်ရမည့်အစား ရွှင်မြူးနေသည်။ သူသည် ကျန်းလော့ ဆံပင်ကို လွှတ်ပေးလိုက်သည်။ ကျန်းလော့၏ အမူအယာက အနည်းငယ် ပျော့ပြောင်းလာကာမှ ကျန်းလော့ခါးကို ထပ်၍ ဆွဲဖက်လိုက်ပြန်ကာ ကျန်းလော့ကို မြှောက်သွားအောင် ချီပစ်လိုက်သည်။

ကျန်းလော့သည် သတိလွှတ်သွားပြီး ချီယုံ့ခါးကို ခြေထောက်နှစ်ဖက်ဖြင့် ခွလိုက်ကာ ချီယုံ့ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆွဲဖက်လိုက်မိသည်။ ထိုသို့လုပ်ပြီးကာမှ သူ့ကိုယ်သူ ဘာလုပ်နေမှန်း သတိထားမိသွားသည်။ သူသည် နို့စို့အရွယ် သုံးနှစ်သားလိုမျိုး ဖြစ်နေကာ နည်းနည်းမှ ကြည့်လို့အဆင်မပြေနိုင် ပိုစစ်ရှင်ကြီး(အနေအထား)ဖြင့် ချီယုံ့ကို တွယ်ကပ်ထားလေသည်။

မကောင်းဆိုးဝါး၏ လက်သည် သံချိန်းကြိုးများကဲ့သို့ ကျန်းလော့၏ အရိုးအဆစ်များကို တင်းနေအောင် ဖက်တွယ်ထားပြီး ဇွတ်အတင်းတွေ ညှစ်နေသောကြောင့် ကျန်းလော့ နာလာသည်။ ကျန်းလော့သည် မကောင်းဆိုးဝါး၏ ပြုတ်တူကဲ့သို့လက်ထဲမှ ဇွတ်အတင်းရုန်းထွက်ပြီး သူ့ကိုယ်ပေါ်မှ ဆင်းဖို့လုပ်သည်။ သူ့မျက်လုံးများသည် အနည်းငယ် ကျဉ်မြောင်းသွားပြီး ဆိုးဝါးစွာ ကွေးကောက်တွန့်လိမ်ပစ်လိုက်သည်။ သူ့အပြုံးတို့သည် မီးလုံးလေးကဲ့သို့ လင်းလက်နေသလို ထင်ရသည်။

"လွှတ်စမ်း"

"ကိုယ့်ကို အေးစက်စက် ဆက်ဆံနေရတဲ့ အကြောင်းအရင်းကို ပြော ပြောရင် ချပေးမယ်"

သူသည် ကျန်းလော့၏ ပေါင်နှစ်ဖက်ကို ထိန်းကိုင်ပြီး ကလေးများလို ချီထားကာ ကျန်းလော့ကို သူနှင့် နံရံကြားတွင် ညှပ်ထားလိုက်သည်။ ခြေတံရှည်နှင့် လူနှစ်ယောက်သည် လက်မောင်းများ တွယ်လျက်နေပြီး တစ်ကိုယ်လုံး ပူးကပ်နေကြသည်။ ကျန်းလော့၏ မျက်နှာသည် အလွန်ရုပ်ဆိုးနေပြီး

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Waar verhalen tot leven komen. Ontdek het nu