Vday Chibi Art ❤️🤍

Start from the beginning
                                    


ဘေဘီခန့်ရဲ့ charm mark ကတော့ ခွေးဖြစ်နေခြင်း‌ပါပဲ။ ကိုကို့ရဲ့အရူးလေးက Ahoge နဲ့ လိုက်ဖက်လို့။ 

ရှီဘာနားရွက်နဲ့ အမြီးပေါက်စလေးက ဆွဲပြီးကောက်ပေါက်ချင်စရာ

နာမည်ရးထားပြီးသား ခွေးလည်ပတ်ကလေးနဲ့ သိပ်ခန့်နေတဲ့ narrator san လေး
Who's the best red Shiba on the world?
L.K 2 ofc!

ချောကလက်စားပြီးသေရမယ်ဆိုရင်တောင် အသက်စွန့်ပြီးပြေးဟပ်မယ့် ရှီဘာခွေးလေးတစ်ကောင်နဲ့ သူရဲ့ဖူဂျီတောင် gomen... ရေခဲကျွန်းမြောသခင်ကို ပုံဖော်ပေးတဲ့ အားတစ်စံကို ကျေးဇူးများစွာပါဗျာ။ ပြောသမျှ detail ကို သေချာလေးထည့်ပေးပြီး အရမ်းစိတ်ရှည်တဲ့အားတစ်စံပါ။ ဆွဲနေကျ ပေါက်စီလုံး Chibi commi လေးတွေကလည်း ချစ်စရာတွေချည်းမို့ fb မှာ သွား follow ထားကြပါဦး။ Artist San - Kazue Sky

အဲ့တော့ ဒီနေ့က Claudius II ရဲ့ဖိနှိပ်မှုအောက်က စုံတွဲတွေကို သူ့အသက်နဲ့လဲလှယ်ပြီး စုံဖက်ပေးခဲ့တဲ့ St Valentine ရဲ့နေ့ပေါ့။
Philophobic တစ်ယောက်ဆီကနေ You will always be my valentine ဆိုတဲ့ ကတိကဝတ်တွေပါ ရလာတဲ့အချိန်ရောက်ဖို့ ခွေးကလေးတစ်ကောင်ကတော့ ချောကလက်နို့ကွတ်ကီးစားရင်း ၉ နှစ်စောင့်ခဲ့တယ်။ ၉၉ ပိုင်း+ side stories+ extras ထိ စိတ်ရှည်ရှည်ဖတ်ခဲ့တဲ့ (L.K)² enjoyer တွေရော ဘယ်လောက်စောင့်နိုင်လဲ...။

ဘာတွေပြောချင်လို့စကားချီနေတာလဲ တွေးမိရင်တော့ အမှန်ပဲ။ စောင့်နိုင်စွမ်းကိုသိပြီးသားမို့ ထပ်စောင့်ခိုင်းဖို့ရာ လာအချိုသပ်တာပါ။ HD ကို Extra အသစ်တင်ပေးမလို့ရေးလက်စတွေရှိနေပေမယ့် 2024 နှစ်စကတည်းက နိဟွန်းဂို့တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မအားတာကြောင့် တန်းလန်းဖြစ်နေတာ။ သေချာပေါက် ပြီးတာနဲ့ လာတင်ပေးမှာပါ။

လောလောဆယ်တော့ HDverse ရဲ့ ဖြစ်ကတတ်ဆန်းအချိန်ယန္တရားထုံးစံအတိုင်း စက်တင်ဘာကတည်းက စောပြီးရောက်လာတဲ့ Vday special package ကိုပြန်ဖတ်ရင်းပဲ L.A.S.T ကိုစောင့်ပေးပါ။ စောင်းခိုင်းရတာကြာနေလို့ ရေးချိန်ရှာ၊ ရေးလက်စကိုမြန်မြန်အပြီးသပ်ပြီး တင်ပေးမလို့လုပ်နေတာကို ညနေက ကျွန်တော် Accident ဖြစ်ပြီး လက်‌ကောက်ဝတ်က လှုပ်မရဘဲ တအားနာနေလို့ နည်းနည်းလေးထပ်‌စောင့်ရဦးမယ် ထင်ပါတယ်။ *ချောကလက်ကွတ်ကီးဗန်းကလေး လှမ်းပေး* စိတ်ရှည်တယ်မလား...။

အခုလက်ရှိကိစ္စတွေကြောင့် အားလုံးအတွက်ရော ကိုယ့်အတွက်ပါ စိတ်မချရပေမယ့် ကလောင်အားကိုးနဲ့ပဲ အသက်ရှူပေါက်ရှာနေကျမို့ ကျွန်တော်တော့ သတိထားရင်း လုပ်စရာရှိတာဆက်လုပ်ရင်းပဲ အချိန်ရသလောက် စာ‌နဲ့ကဗျာတွေ ဆက်ရေးနေဖို့စိတ်ကူးပါတယ်။ လက်ရှိကိုင်နေတဲ့ L A.S.T ကိုလည်း ဖြေးဖြေးချင်းပြီးတဲ့အထိရောက်အောင် ကြိုးစားမယ်။ အရင်ထက် စောင့်ရတာကြာရုံပဲရှိမယ်။ မနားပါဘူး။

နိုင်ငံအခြေအနေမကောင်းဘူးဆိုပေမယ့် ဘယ်တုန်းကရော ကောင်းခဲ့လို့လဲလေ။ အခွန်းတို့ တိုင်းရင်းသားနယ်မြေ‌တွေဘက်ဆို လွန်ခဲ့တဲ့နှစ် ၆၀‌ ကျော်ကတည်းက ဒီလိုကိစ္စတြွေဖစ်နေခဲ့တာ အခုထိ။ ကျွန်‌တော်တို့က မသိခဲ့ကြလို့ပါ။ တရားမမျှတမှုဟာ နေရာတစ်ခုမှာ စိုးမိုးထားလည်း တရားမျှတမှုပဲ။ နေရာအနှံ့ထိ စိုးမိုးလာရင်လည်း တရားမမျှတမှုပဲ။ ဒီအထိရောက်ပြီးမှ လက်မြှောက်လိုက်ဖို့က ရွေးချယ်စရာတစ်ခုမဟုတ်တော့ ကျရာနေရာမှာနေရင်း အားတင်းပြီးဆက်လျှောက်ကြတာပေါ့။

ဝမ်းနည်းစိတ်ညစ်စရာတွေ မြူအထုလောက်ရှိနေပေမယ့် ပျော်စရာရှိလာရင်လည်း ရယ်လိုက်ပါ။ ချစ်ရတဲ့သူတွေကို ဂရုစိုက်ပါ။ တစ်ယောက်တည်းသမားဆိုလည်း Dopamine လိုအပ်လာရင် ချောကလက်ဝယ်စားပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ မနက်ဖြန်ကိုမသိလည်း မနက်ဖြန်ကရှိနေသေးတာမို့ panic မဖြစ်ဘဲ ကိုယ်ဘာလုပ်နိုင်မလဲ၊ ကိုယ်ဘာလုပ်သင့်လဲ၊ ဘာလုပ်တာက အဆင်ပြေမလဲ စဉ်းစားပါ။ ပြီးရင် စိတ်စုစည်းပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ကျွန်တော်တို့မမှားခဲ့ကြတာမို့ တစ်နည်းနည်းနဲ့ အဆင်ပြေသွားမှာပါ။

Happy Valentine's Day everyone. But everyday is valentine's if you always make sure to pour sheer love to your beloved as a daily basic and if they do the same. Don't forget to give your heart daily dosage of love. For those who don't believe love, those who are afraid of love, it's okay. Love will find you and prove it's warmth and truthfulness. Just wait and see.

Everyone's having a hard time. Our hearts have been aching for years and still do. Sometimes it even feels like there's a blank space in your chest formed by the dusts of  emptiness. However, we will definitely recover from this. Lovers will never be kept apart by any misfortune.

So, don't lose hope. Don't lose love. Don't lose your heart. Stay safe and take extra care to yourself and your loved ones. The dark age will pass and love will win eventually.

Your Novella✒️

Heartless December❄️ ZG version Where stories live. Discover now