အပိုင်း - (၁၃) _Unicode_

419 26 1
                                    





လွန်ခဲ့သောနှစ်ပေါင်းထောင့်ခုနှစ်ရာအချိန်တုန်းက လူသားတို့၏လောက၏တစ်ခြားတစ်ဖက်လောကတွင် နာဂါရုဏ်းမည်သည့်နဂါးတိုင်းပြည်နှင့် ဝေဏသရီ မည်သည့်
ဂဠုတိုင်းပြည် နှစ်ပြည်ထောင်တို့ဟာ စစ်မက်ရန်စွယ်မဖြစ်ပွားဘဲ အသီးသီး အေးချမ်းစွာ ကိုယ်စီ အုပ်ချုပ်ခဲ့ကြလေသည်။တစ်နေ့သောအခါတွင် နဂါးတိုင်းပြည်နှင့်ဂဠုန်တိုင်းပြည် တိုင်းပြည်နှစ်ခုလုံးပေါ်သို့ အလင်းတန်းနှစ်ခုကျရောက်ခဲ့လေသည်။နဂါးတိုင်းပြည်အပေါ်သို့ကျရောက်သည့်အလင်းတန်းဟာအဖြူရောင်ရောင်အလင်းတန်းဖြစ်ပြီး ဂဠုန်တိုင်းပြည်သို့ကျရောက်အလင်းတန်းဟာ မြစိမ်းရောင်အလင်းတန်းဖြစ်လေသည်။


ကောင်းကင်ပေါ်မှရုတ်တရုက် ကျရောက်လာခဲ့သည့်အလင်းတန်းနှစ်ခုကြောင့် တိုင်းပြည်နှစ်ခုလုံးမှ နဂါးတို့၊ဂဠုန်တို့ဟာ ထိတ်လန့်သွားခဲ့ကြပြီး အလင်းတန်းကျရောက်ရာသို့ ပြေးလွှားကာသွားကြည့်ကြလေသည်။အလင်းတန်းနှစ်ခုလုံးဟာ နှစ်ဖက်တိုင်းပြည်တို့၏နန်းတော်အမိုးပြဿ်များကိုထွင်းဖောက်ကာ နဂါးမင်း၊ဂဠုန်မင်းတို့၏ ရာဇပုလ္လင်ပေါ်သို့ကျရောက်လာခဲ့လေသည်။အလင်းတန်းများပျောက်ကွယ်သွားသည့်အခါ ဥနှစ်လုံးသာကျန်နေခဲ့လေသည်။



နဂါးပြည်တွင်တော့ ရာဇပုလ္လင်ပေါ်မှ အဖြူရောင်ဥအား နဂါးပြည်မှ နဂါသူ၊နဂါးသား အပေါင်းဟာ ကြောက်ကြောက်လန့်လန့်ဖြင့် နန်းတော်အဝမှချောင်းကာကြည့်ကြလေသည်။ဂဠုန်တို့သည်လည်း နဂါးတို့နည်းတူ ရာဇပုလ္လင်ပေါ်မှ မြစိမ်းရောင်ဥအား မဝံ့မရဲကြည့်နေကြလေသည်။


ထိုစဥ် နဂါးပြည်ရှိ ရာဇပုလ္လင်ပေါ်မှ အဖြူရောင်ဥဟာ အက်ကွဲလာပြီး အတွင်းမှ အဖြူရောင်ချွန်ထက်လှသည့်အမြှီးဟာ ထိုးထွက်လာခဲ့လေသည်။ထို့နောက်ဥတစ်ခုလုံး၏အပေါ်ပိုင်းဟာ ကွဲအက်ကြေမွသွားပြီး အတွင်းထဲတွင် ခေါင်းနှစ်လုံးနှင့်နဂါးအဖြူပေါက်လေးတစ်ကောင်ကာ မျက်လုံးလေးလုံးစလုံးကို ဖြေးညှင်းစွာဖွင့်ကာ ခေါင်းကလေးများကို ခါယမ်းကာ နှာချေသလိုပင်ပြုလုပ်လိုက်လေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now