အပိုင်း - (၁၂) _Unicode_

384 26 3
                                    

ယိဏ်းသည် သူ့လက်ထဲတွင် ကြိုးတပ်ထားသည့် အစွယ်ပုံသဏ္ဍာန် အနက်ရောင်ခရာလေးကို ဖန်ဆင်းလိုက်ပြီး လွန်းကိုပေးလိုက်လေသည်။လွန်းကတော့ ထိုခရာအနက်ကလေးကို ဘာအတွက်ကြောင့်ပေးလဲမသိသောကြောင့် ကြောင်တောင်တောင်နဲ့ ယိဏ်းအားကြည့်နေလေသည်။

''ဒါက ဘာကြီးလဲ.....''

''ဒါခရာကို အသင်ဒုက္ခရောက်နေချိန်မှုတ်လိုက်ပါ....ကျွန်ုပ်ရောက်လာပါလိမ့်မယ်.....''

''ဝိုး.....အဲ့လိုလည်းလုပ်လို့ရတာလား.....''

''ရပါတယ်......အသင်ဟာ ကျွန်ုပ်တို့လောကနှင့်ပက်သက်သွားပြီမလို့ ပရလောကသားတွေဟာ ဘယ်အချိန်ဘယ်နေရာကမဆို ထွက်ပေါ်လာပြီး တိုက်ခိုက်လာနိုင်တာဖြစ်လို့ အသင့်ကိုပေးခြင်းပါ.....''

''ဟော.....ကျေးဇူးပါ....သေချာလည်ပင်းမှာဆွဲထားပါ့မယ်....''

လွန်းဟာ ပြောပြောဆိုဆို ယိဏ်းပေးသည့်ခရာလေးကို လည်ပင်းတွင် ဆွဲလိုက်လေသည်။ထိုစဥ် လွန်းလည်ပင်းရှိ အခြားလည်စွဲတစ်ခုကို ယိဏ်းဟာ သတိထားမိသွားလေသည်။

''အသင်လူသား......''

''လွန်း....လို့....ကျွန်တော့်နာမည်က လွန်း....ပြန်ခေါ်....ဘာလဲ အသင်လူသား....အသင်လူသားနဲ့....''

''အော.....လ....လွန်း.....''

''အင်း.....နောက်လည်း ဒီလိုဘဲခေါ်ပါလို့အရင်တစ်ခေါက်ကလည်းပြောထားတာဘဲ.....''

''ဒါနဲ့ အသင်လူသားရဲ့ အရင်လည်ဆွဲက ဘယ်သူပေးထားတာလဲဆိုတာ ကျွန်ုပ်သိချင်စိတ်ဖြစ်မိပါတယ်......''

ထိုအခါ လွန်းဟာ သူ့လည်ပင်းက အရင်လည်ဆွဲလေးကို ကိုင်လိုက်ကာ ယိဏ်းအားပြန်ဖြေလေသည်။

''ဪ.....ဒါလား....ဒီလည်ဆွဲက ကျွန်တော့်အဖပေးထားတာ အန္တရာယ်ကင်းအဆောင်လေ....ဘာလို့လဲ လိုချင်လို့လား....''

''မဟုတ်ရပါ.....ဒီအတိုင်းမေးကြည့်တာပါ....ထပ်မံပြီး အသင်လွန်းကို ကျွန်ုပ်ပြောပြရမဲ့အရာတစ်ခုရှိတယ်....''


''အယ်.....ဘာများလဲ ''

''လိုက်ခဲ့ပါ....''

သို့နှင့် ယိဏ်းဟာ လွန်းအားတစ်ခုခုကို ရှင်းပြရန်ဂူအတွင်းဘက်သို့ ခေါ်သွားလေသည်။ယိဏ်းဟာရှေ့ကဦးဆောင်ကာ လွန်းအား တောင်ဘက် တစ်နေရာသို့ခေါ်ဆောင်သွားလေသည်။လွန်းကတော့ ယိဏ်း၏အနောက်ကနေ စိတ်ဝင်စားမှုအပြည့်မျက်နှာဖြင့် လိုက်လာခဲ့လေသည်။ခဏလောက်လမ်းလျှောက်လာပြီးသည့်နောက်တွင် ယိဏ်းဟာ တုန့်ခနဲရပ်လိုက်လေသည်။ထို့ကြောင့် ယိဏ်းရပ်သည်နှင့် လွန်းသည်လည်း လိုက်ရပ်လိုက်လေသည်။ထို့နောက် ယိဏ်းဟာ ဘေးတိုက်အနေအထားဖြင့် အရှေ့အရပ်ကိုမော့ကြည့်လိုက်သည်။လွန်းကတော့ ဘုမသိဘမသိဖြစ်နေသည့်အတွက် ယိဏ်းကြည့်ရာသို့လိုက်ကြည့်လိုက်လေသည်။



နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Hikayelerin yaşadığı yer. Şimdi keşfedin