အပိုင်း- (၈) _Unicode_

437 25 3
                                    





လွန်းဟာ အံ့သြသွားရပြန်သည်။ဘယ်ကနေဘယ်လိုရှိနေမှန်းမသိ၊မြင်လည်းမမြင်ရသည့် သက္ကရဆိုသည့်အမှတ်ဟာ သူ့ကိုယ်ပေါ်မှာရှိနေသောကြောင့် တစ်ခြားလောကဘုံသားများက သူ့အားသတ်ဖြတ်ကြရန်ကြံစည်နေသတဲ့။လွန်းဟာ ကြောက်ရွံ့ခြင်းမရှိသော်လည်း ထိုကဲ့သို့သော အကြောင်းအရာများကိုကြားလိုက်ရပြီးနောက် အာရုံများထွေပြားသွားလေသည်။သင်္ခါပြောပြနေသည်များကို နားသာထောင်၊ကြားသာကြားနေပြီး တစ်ခုမှနားမလည်နိုင်တော့ချေ။


''ကိုလွန်း.....အရမ်းကြီးမတွေးပါနဲ့.....အချိန်တန်ရင် ကိုလွန်းသဘောပေါက်သွားပါလိမ့်မယ်။အခုကတော့ သင်္ခါ ကိုလွန်းကိုပေးစရာပစ္စည်းလေးရှိတယ်။ဒီမှာခဏလေးစောင့်နော်....သင်္ခါ ကိုလွန်းကို ပေးမဲ့ပစ္စည်းလေးသွားယူမလို့.....''


''ကျွန်တော့်အတွက်လား......''

''ဟုတ်တယ် ကိုလွန်း....သင်္ခါမကြာဘူး ပြန်လာခဲ့မယ်....''


သင်္ခါဟာ နေရာမှထကာ နှစ်ထပ်ဆောင် ပျဥ်ထောင်အိမ်ညိုကြီးထဲဝင်သွားလေသည်။လွန်းကတော့ အထဲဝင်သွားသည့် သင်္ခါ့ကို ကြည့်နေလေသည်။ထို့နောက် ဟိုဒီပတ်ကြည့်ကာနေလေသည်။ခဏအကြာမှာတော့ သင်္ခါဟာ သစ်စေးသုတ်ထားသည့် ထုထည်ခြောက်လက်မ၊အရှည်​နှစ်ပေလောက်ရှိသည့်သေတ္တာလေးအား မ၍ လွန်း၏ဘေးနားသို့ချလိုက်လေသည်။လွန်းဟာ သင်္ခါယူလာသည့်သေတ္တာအား စိတ်ဝင်တစားကြည့်နေလေသည်။


''ဒီရဲ့သေတ္တာထဲကအရာက ကိုလွန်းကို သင်္ခါပေးမဲ့ ပစ္စည်းလေးပါ....''

''ဘယ်လိုပစ္စည်းများလဲ စိတ်ဝင်စားလိုက်တာ....''

''ကိုလွန်း ဖွင့်ကြည့်လို့ရပါတယ်....''

''ဒါဆို....ကျွန်တော်ဖွင့်ကြည့်လိုက်တော့မယ်နော်....''

''ဟုတ်ကဲ့ပါ....ကိုလွန်း''

လွန်းဟာ သင်္ခါယူလာသည့် သစ်ဆေးသုတ်ထားသည့်သေတ္တာလေးအား ဖွင့်လိုက်သည်နှင့် မျက်လုံးထဲအလင်းများစူးအောင်လင်းသွားသည်။ထို့နောက် လွန်းဟာ ရုတ်တရက်အိပ်ပျော်နေရာမှ ဟှစ်ခနဲမြည်ကာ အသက်ကိုအပြင်းရှူကာ ထထိုင်သလိုဖြစ်သွားလေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Waar verhalen tot leven komen. Ontdek het nu