အပိုင်း - (၁) _Unicode_

5.5K 119 0
                                    



ခေတ်အဆက်ဆက်ရှိ လူသားများသည် ''နဂါး''ဟူသော သတ္တဝါများကိုပုံပန်းသွင်ပြင်အမျိုးမျိုးဖြင့်ဖော်ကြူးသရုပ်ဖော်ခဲ့ကြသည်။ထိုနည်းတူစွာပင် ''နဂါး'' များကို အစောင့်အရှောက်များအဖြစ်လည်း တစ်ချို့သောသူများက ယုံကြည်ကိုးကွယ်ကြသည်။ထို့အတူပင် ယုံကြည်ကိုးကွယ်ခံရသော ''နဂါး'' များဟာလည်း သူတို့အားကိုးကွယ်ပူဇော်သူများကို ကောင်းချီးပြန်ပေးတတ်ကြသည်။တမဟုတ်ချင်း မဟုတ်သော်ငြားလည်း ထိုသူတို့၏ဘဝအား ကံဇာတာမြင့်တက်ရန် အချိန်တစ်ခုတွင်တော့ ပြုလုပ်ပေးကြတတ်သည်။ထို့အပြင် ''နဂါး''များကို ပစ်မှားစော်ကားမိလျှင် ''နဂါး''များ၏အစေခံများဖြစ်သော နတ်မြွေများက ပထမဦးစွာဆိုခဲ့လျှင် သတိပေးတတ်ကြသည်။သို့သော်အကြိမ်ဖန်များစွာ ပစ်မှားကြလျှင်တော့ ''နဂါး''များက ဘာမှမလုပ်သော်လည်း သူ၏အစေခံနတ်မြွေများက အသက်နှုတ်ပစ်တတ်သည်။ထို့ကြောင့် ''နဂါး''ကိုကိုးကွယ်သူများသည် အစေခံနတ်မြွေများကိုလည်း လေးစားကြသည်။ဤပုံပြင်လေးကတော့ ရှမ်းပြည်နယ် တောင်ကြီးခရိုင် အောက်က ''မုံတဝ'' ဟူသောရွာလေးတွင်ဖြစ်ပျက်ခဲ့သော နဂါးနှင့်လူသားတို့၏ ဇာတ်လမ်းစရာနေရာဖြစ်ခဲ့သည်။

''ဟူဝေ့.....သားငယ် လွန်း....ပလိုင်းတောင်းကြီးနဲ့ ဘယ်သွားမလို့တုန်းအေ့....''

''အမိုးလှ.......လွန်း တောင်ပေါ် မှိုသွားရှာလိုက်ဦးမယ်....ဒီချိန်ဆို တောင်လယ် ရေတံခွန်ဘေးနားက မြွေစွယ်(နေရာ)နားမှာ မှိုတွေပေါနေလောက်ပြီ.....''

''အေးအေး.....သတိဝီရိယလေးနော်....သားလွန်း....ဒီချိန် မြွေပေါတယ်....တုတ်ဆောင်သွား ရိုက်တော့မသတ်ပစ်နဲ့ဦး တော်ကြာ နတ်မြွေနဲ့ညား(တိုး)နေဦးမယ်....''

''အော......အော.....လွန်း သတိထားလိုက်မယ်....သွားပြီ.....ပြန်ခါကျ မှိုဝင်ပေးမယ်.....''

''အေးအေး.....ဂရုစိုက်နော့....အမိုးတို့စိတ်ပူအောင် မလုပ်နဲ့နော့....ဂူထဲလည်းဝင်မနေနဲ့ဦး.....ကြားလား သားလွန်း.....''


''အော.....အော.....သွားပြီ....''

အော....ဆိုသည်ကား ဒေသစကားအရ ဟုတ်ကဲ့....ဟုတ်ပြီ ဟုအဓိပ္ပါယ်ရသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Donde viven las historias. Descúbrelo ahora