အပိုင်း - (၇) _Unicode_

468 27 5
                                    

သင်္ခါဟာ လွန်းအား ပျဥ်ထောင်နှစ်ထပ်အိမ်ကြီး၏ရှေ့ ကွတ်ပစ်အကျယ်ကြီးပေါ်တွင်ထိုင်ခိုင်းလိုက်သည်။အစေခံများဟာ သင်္ခါကွတ်ပစ်ပေါ်ထိုင်သည်နှင့် အားလုံးဟာ သင်္ခါ့အားခစားရန် မြေပြင်ပေါ်တွင် ​နန်းဝတ်နန်းစားများဖြင့်ထိုင်နေကြလေသည်။

''ကိုလွန်း.....ထိုင်ပါ....ရူဝီဒါ့က ခဏနေမှရောက်လာမှာ....သူ့ကိုခဏစောင့်ကြတာပေါ့.....''

''အင်း....ရပါတယ်....ဒီနေရာက စိတ်ဝင်စားဖို့ကောင်းတော့ ဟိုကြည့်ဒီကြည့်ရင်းစောင့်တာပေါ့....''

ထိုစဥ်အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်ဟာ သင်္ခါအားမေးခွန်းတစ်ခုမေးလိုက်လေသည်။

''သခင်ကြီး ဒီတစ်ခေါက်ပြန်လာတာ ​အရေးကိစ္စအထူးရှိလို့ပါလား ဘုရား....''

''အင်း....ဝီရဒူ....ကျွန်ုပ်ကို ဟိုဘီလူးတွေ အတင်း လာခေါ်ကြတယ်....''

ထိုစကားကြားလိုက်သောအခါ အားလုံးမျက်နှာဟာ ပြာပြာသလဲဖြစ်သွားကြလေသည်။

''ဒီရဲ့ဘီလူးတွေဟာ စည်းမတရားလွန်လာပါပြီ သခင်ကြီးကိုအနုနည်းနဲ့မရတော့ အခုလိုအကြမ်းနည်းတွေပါသုံးလာကြတာ တကယ်ကို အောက်တန်းကျလိုက်တာ....''

''အဲ့တာ နဂါးနက် အရှင်ပရဏဝုရ်ယိဏ်းနဲ့ မြစိမ်းဂဠုန် အရှင်ဝေဿရာဇ် တို့က အဲ့ဒီ့ဘီလူးသုံးကောင်ကို သတ်ပစ်လိုက်လို့ သေသွားပါပြီ....''

''မြစိမ်းရောင်ဂဠုန် အရှင်ဝေဿရာဇ် လူ့လောကမှာပြန်လည်ထွက်ပေါ်လာပြီပေါ့ဘုရား....အဲ့ဒီဂဠုန်စိမ်းထွက်ပေါ်လာတိုင်း နဂါးတိုင်းရဲ့အိမ့်မက်ဆိုးဖြစ်ရတာဘဲ ဘုရား....

''အင်း.....ဒါပေမဲ့ ဒီတစ်ခါတော့ကွဲပြားမယ်ထင်ထားဘဲ....နဂါးအရှင်မြတ်အများစုကလည်း နဂါးပြည်မှာဘဲနေကြကုန်ပြီး လူ့ပြည်မှာတော့ နဂါးမင်းအနည်းငယ်သာရှိတော့တယ်....ဆိုတော့က ​ဂဠုန်မင်းလည်း အရင်ကလိုမရက်စက်တော့ဘူးလို့ ထင်တာဘဲ....''

သင်္ခါနှင့်ဝီရဒူလို့ခေါ်သည့် ဦးလေးကြီးတို့ပြောသောစကားအား လွန်းအတိုင်းသားကြားနေရသဖြင့် ​မြစိမ်းရောင်ဂဠုန်အကြောင်းကို စိတ်ဝင်စားသွားလေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now