အပိုင်း - (၁၀) _Unicode_

352 26 3
                                    


''ကဲ....အိမ်ခဏပြန်ပြီး ပြီးကျရင် တောင်ပေါ်က ကိုနဂါးနားသွားဦးမှဘဲ.....''

လွန်းဟာ လောဝ်ဝမ်းတို့အိမ်ကထွက်လာခဲ့ပြီးနောက် သူ့ရဲ့အိမ်ကိုပြန်လာခဲ့သည်။အိမ်ရောက်သည့်အခါ လွန်း၏ဖခင်ဦးအောင်ဖေကတော့ ပြန်မလာသေးသောကြောင့် ညနေမှပြန်လာတော့မည်ဆိုသည်ကို လွန်းသဘောပေါက်လိုက်လေသည်။လွန်းအိမ်ခြံဝသို့ပြန်ရောက်သည့်အခါတွင် လွန်းတို့အိမ်ကြီးဟာ အော်သံတွေနဲ့ပြည့်နေလေသည်။ထိုအခါ လွန်းဟာ ဘေးဘီကို သတိထားကြည့်လိုက်သည့်အခါ မည်သူမှထိုအသံများကိုကြားသည့်ဟန်မပေါ်ချေ။သို့သော် စမ်းကြည့်ရန်တွေးလိုက်လေသည်။ထို့ကြောင့် အနောက်ဖက်အိမ်က အဒေါ်ကြီး ဒေါ်နန်းလှရင် အားမေးလိုက်လေသည်။

''ဝေ့.....အမိုးလှ....အိမ်ကိုတစ်ယောက်ယောက် လာရှာသေးလား....''

ထိုအခါ ထိုအဒေါ်ကြီးဟာ လှမ်း၍အော်ပြောလေသည်။

''မလာပါဘူးဟေ.......သားလွန်းတို့အိမ်ကြီးဖြင့် တိတ်ဆိတ်နေတာဘဲ.....''

''အော.....ဒါဆို ကျေးဇူးနော် အမိုးလှ....ကျွန်တော် အထဲဝင်တော့မယ်....''

''အေးအေး.....''

ထို့နောက်လွန်းအား ခြံဝန်းထဲသို့ဝင်လာကာ အသံလာရာကိုနားစွံ့ကြည့်သည်။အသံသည် လွန်းအိမ်နားနီးလာလေလေ ပို၍ကျယ်လောင်လေလေပင်။ အိမ်နားရောက်သည့်အခါတွင် လွန်းအားလှမ်းနေသည့်ခြေလှမ်းများကိုရပ်လိုက်လေသည်။အသံလာရာကိုလွန်းနောက်ဆုံးတွင် သေချာစွာသိလိုက်လေသည်။အသံလာရာကာ အိမ်၏မြောက်ဘက်အစွန်ဆုံးအခန်းဖြစ်သည့် လွန်း၏အခန်းထဲကပင်။

လွန်းသည်အခန်းအပေါက်ကိုဖွင့်လိုက်သည့်အခါ အသံများအားလုံးဟာ တိတ်ဆိတ်သွားလေသည်။အခန်းထဲကိုလွန်းလိုက်ကြည့်သည့်အခါ လွန်းသည် သူ့အခန်းထဲတွင်ရှိနေကျမဟုတ်သည့်အရာကိုတွေ့လိုက်ရလေသည်။ထိုအရာသည် ညကအိမ်မက်ထဲတွင် သင်္ခါသူ့အားပေးသည့် သစ်စေးသုတ်ထားသည့်သေတ္တာငယ်လေးပင်။လွန်းသည်ထိုသေတ္တာနားသွားကာ သေတ္တာအား သေချာကိုကြည့်နေကာ ညကအိမ့်မက်အား ပြန်အမှတ်ရသွားလေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Tempat cerita menjadi hidup. Temukan sekarang