အပိုင်း - (၁၁) _Zawgyi_

101 4 0
                                    


''ဟောဗျာ.....မသိလို့ပါ ကိုနဂါး.....မရည်ရွယ်ပါဘူး.......ခင်ဗျားရဲ့မျိုးပွားတဲ့အစိတ်အပိုင်း အဆင်ပြေရဲ့လား.... ''

ယိဏ်းဟာ လွန်း၏စကားကြောင့်နာကျင်နေသည့်အရာထက်မျက်နှာဟာ ပိုပူသွားလေသည်။


''ရပါတယ်.....အသင်လူသား....ကြှနျုပျကို ထိုကဲ့သို့ စကားအသုံးအနှုန်းနှင့်ပြောလျှင် ကျွန်ုပ်မျက်နှာပူရပါတယ်.....သို့အတွက် ပြန်စေချင်ပါတယ်....''



''ဟော.....ဇွတ်ဘဲဗျာ....ကျွန်တော်အခုမှရောက်တာကို ပြီးတော့လည်း ကိုနဂါးကိုမနေ့ကတိုက်ပွဲကြောင့် စိတ်ပူလို့လာကြည့်တာပါ.....''


''ကျွန်ုပ်အဆင်ပြေပါတယ်.....အသင့်စေတနာအတွက်ကျေးဇူးတင်ပါတယ် အသင်လူသား...ဒါပေမဲ့ အသင်ရွာထဲမှာဘဲနေနေသင့်ပါတယ်....''


''ဟမ်.....ဘာလို့လဲ....ဟိုထူးဆန်းတဲ့ လူမဟုတ်တဲ့အရာတွေရှိလို့လား.....''


''အသင်ဘယ်လိုသိပါသလဲ.....''

ယိဏ်းဟာ လွန်း၏စကားကြောင့် သိချင်စိတ်ဖြစ်သွားလေသည်။လွန်းကတော့သူကိုယ်တိုင်ပြောလိုက်သည့်စကားကိုအလေးထားပုံမပေါ်ချေ။

''ဪ....အဲ့တာလား ကျွန်တော် ဒီကိုမလာခင်တောင်တွေ့ခဲ့သေးလို့လေ....ဘာတဲ့...ကျွန်တော့်ရဲ့ကိုယ်ပေါ်မှာရှိတဲ့ သက္ကရအမှတ်အသားကြောင့်ဆိုတာဘဲ.....ကျွန်တော်တော့ သေချာတော့မသိပါဘူး....''



ယိဏ်းသည် လွန်းပြောသည့်စကားများကြောင့် မျက်နှာအမူအရာပြောင်းသွားကာ တည်သွားလေသည်။


''အသင်လူသား.....အခုအသင်ပြောတဲ့ သက္ကရအမှတ်အသားအကြောင်း ဘယ်ကနေသင်သိလာပါနည်း......''


''ဒါကတော့ တစ်ခြားသူအကြောင်းလဲပါတာမလို့ ကျွန်တော်မပြောပြချင်ဘူး.....''


''ဒါဆို ကျွန်ုပ်သင့်ကို သေချာအောင်တစ်ခုလောက်မေးချင်ပါသေးတယ်....''


''အင်း....မေးလေ.....''


''အသင် အဲ့ဒီ့တစ်ခြားသူနားကနေပြီးတော့ ပစ္စည်းတစ်ခုခုများရလာသေးသလား.....''

''ဒါတော့ကျွန်တော်ဖြေလို့ရတယ်.....ရတယ်....ကျွန်တော့်ကိုအသက်အန္တရာယ်ပေးတဲ့ ပရလောကသားတွေကို ပြန်ပြီးတိုက်လို့ရအောင်ဆိုပြီး သေတ္တာလေးနဲ့ ပေးထားတယ်.....''


နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now