အပိုင်း - (၆) _Unicode_

564 34 3
                                    

လွန်းအိပ်ပျော်သွားသည့်အခါ ထူးဆန်းသည့်အိမ်မက်ကိုမက်လေသည်။အိမ်မက်ထဲတွင် လွန်းဟာ သူတောင်ပေါ်တက်လျှင် အမြဲတက်နေကျ မြွေစွယ်အငူကြီး၏အစွန်တွင်မတ်တပ်ရပ်ကာ အနောက်အရပ်သို့စူးစိုက်ကာကြည့်နေလေသည်။ထိုအချိန်တွင် ဘယ်ကပေါ်လာမှန်းမသိသော မြွေလိုလို နဂါးလိုလို တိမ်အရိပ်ကြီးဟာ ကောင်းကင်ပေါ်တွင်ဝဲကာနေလေသည်။လွန်းသည်ထိုတိမ်တိုက်ကြီးအား အိမ်မက်မက်တိုင်းအမြဲမြင်နေကျဖြစ်ပြီး မည်သည့်အရာမှထူးခြားမှုမရှိသောကြောင့် ကြည့်သာကြည့်နေလေသည်။ထို့နောက် မြေပြင်ပေါ်ကိုကြည့်လိုက်သည့်အခါ သူနေသောရွာကြီးနေရာဟာ စိမ်းလဲ့နေသည့်သစ်တောကြီးဖြစ်နေ​လေသည်။ထို့အပြင် ရွာအနောက်ထိပ်ကတောင်မြောက်သွားရသည့် လှည်းလမ်းကြီးဟာလည်း ဘာမှရှိမနေချေ။ခါတိုင်းအိမ်မက်တွင်ရောက်တတ်ရာရာများမက်သော်လည်း ဒီတစ်ခါအိမ်မက်ဟာ လက်တွေ့ဆန်လွန်းသည်ဟု လွန်းတွေးလိုက်သည်။

''အဲ့တာ ဒီရွာမတည်ခင် ဒီနေရာရဲ့ဟိုးအရင်တုန်းကပုံစံလေ ကိုလွန်း....''

လွန်းသည် သူ့အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ အစောကတွေ့ခဲ့သည့် မိန်းမလျာလေးပင်။လွန်း​တွင်မြင်နေရသောသူမ၏ပုံစံဟာ အစောတုန်းကမြင်ခဲ့ရသည့်နာမ်ခန္ဓာ၏ဝတ်စားဆင်ယင်ပုံနှင့်အတူတူပင်။လွန်းသည် မိန်းမလျာလေးအား ယောက်ျားသားဟုသိနေပါသော်လည်း သူ၏အသွင်အပြင် ခန္ဓာကိုယ်အချိုးအစား၊မျက်နှာအနေအထား၊ကိုယ်ဟန်လက်ဟန်များကြောင့် သူဟာ အမျိုးသမီးအနေနဲ့မွေးဖွားလာခဲ့ရင် ဘယ်လောက်တောင် လှပကျော့ရှင်းနေမလဲဟု အာရုံရုံထဲတွင် အတွေးတစ်ခုပေါ်လာလေသည်။သို့သော်ဖွင့်မဟ။ထို့နောက် လွန်းဟာ သူအိမ်မက်မက်နေသည်ဟူသောအတွေးကြောင့် ပါးစပ်ကနေပါ သူတွေးမိနေသည်ကို ထုတ်ပြောမိလိုက်သည်။

''အိမ်မက်ထဲထိပါ ငါစိတ်စွဲနေတာလားဟ...''

''ဒါက အိမ်မက်တော့အိမ်မက်ပါဘဲ....ဒါပေမဲ့ သင်္ခါ ဖန်တီးလိုက်တာ ကိုလွန်းရဲ့အိမ်မက်ပါ.....''

''ဟမ်....ဘယ်လိုကြီးလဲ.....ဟို...အဲလေ ဘယ်လိုခေါ်ရမလဲ ရိုင်းတယ်လို့တော့မထင်ပါနဲ့ဗျ...ဘယ်လိုခေါ်ရမှန်းမသိလို့ပါ....အပြောမတတ်ရင်ဆဲသလိုဖြစ်နေမှာစိုးတဲ့အတွက်...''

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now