အပိုင်း - (၂) _Unicode_

922 53 0
                                    




''အမောင်လူသား ကျွန်ုပ်၏စံစားရာနေရာအား အဘယ်သို့ရောက်လာပါသနည်း....''

''အမ်....ဒီအတိုင်း ဂူထဲမှာဘာရှိလဲသိချင်လို့ ဆင်းကြည့်ရင်း ဒီနေရာကိုရောက်လာတာပါ....''

''ဒါဆို အမောင်လူသားက လမ်းမှားလာတာပေါ့....''

''အမ်.....အဲ့လိုကျပြန်တော့လည်း မဟုတ်ပါဘူး လမ်းကြောင်းသုံးခုထဲက အလည်တစ်ခုကိုတမင်ရွေးပြီးလာခဲ့တာမလို့ လမ်းမှားတာမဟုတ်ပါဘူး....''

''အတယ်ကို ထူးဆန်းလှပါရော....အသင်လူသား၏အမူအကျင့်က....''

''ဒါနဲ့လေ.....ဦးလေးကြီးက ဒီဂူထဲမှာ အလင်းရောင်မရှိဘာမရှိနဲ့ ဘာကြောင့် ရှိနေရတာလဲ.....''

''အလင်းရောင်းမရှိလည်းဘဲ ကျွန်ုပ်ကအမှောင်ထဲမှာမြင်ရပါတယ်........''

''ဝါး.....မိုက်လိုက်တာ......ကျွန်တော်ကျတော့ ဒီရေနံဆီမီးခွက်လေးနဲ့ မနဲပြူးပြဲကြည့်နေရတာ.....''

ထိုစဥ် ထိုထူးဆန်းသောလူသည် လက်ဖြောက်တစ်ချက်တီးလိုက်လေရာ ထုံးကျောက်ပန်းဆွဲများ၏တွဲကျနေသော တိုင်ထိပ်အဖျားမှာ အပြာနုရောင် ဖျော့ဖျော့အလင်းများ တိုင်တိုင်းထွက်လာကြပြီး လွန်းဝင်လာသော ဂူနေရာကြီးဟာ ခဏအတွင်းတွင် လင်းထိန်သွားသည်။ထိုလင်းထိန်သွားသည့်အချိန်တွင် လွန်းဟာ ထိုလူ၏ရည်ရည်သွင်ပြင်ကိုအလုံးစုံအားသေချာတွေ့မြင်လိုက်ရသည်။ထိုလူ၏ မျက်ခုံးများဟာ မဲမှောင်၍ ထူထဲပြီး ဖြောင့်စင်းသောနှာတံကို ပိုင်ဆိုင်ထားသည်။ထို့အမြင် ထိုသူ၏မျက်နှာဟာ တည်​ငြိမ်၍ကြည်လင်ကာနေလေသည်။အရပ်သည်လည်း လွန်းထပ်ကိုပို၍ရှည်လေသည်။

''ဝါး......ဦးလေးကြီး....အဲ့တာဘယ်လိုလုပ်လိုက်တာလဲ.....ဒီဂူကြီးက နဂိုထဲက ရှိနေပြီးသားလား.....ဘာတွေနဲ့လင်းအောင် လုပ်ထားတာလဲ....သိလို့ရမလား....''

''အသင်လူသား မမြင်ရဘူးဆိုသည်ကြောင့် ကျွန်ုပ်လင်းအောင် ဖန်တီးလိုက်ရုံပါ.....ဒါနဲ့ အသင်လူသား၏အမည်ကို ကျွန်ုပ်မသိရသေးသည့်အတွက် သိပါရစေ....''

''လွန်း......လွန်းတစ်လုံးထဲပါ....ရွာထဲကမိန်းမပျိုလေးတွေကတော့ ကျွန်တော့်ကို စွဲဆောင်မှုရှိလွန်းတို့၊ရုပ်ချောလွန်းတို့၊အထာကျလွန်းတို့၊ချစ်နိုင်လွန်း တို့လို့တော့ နာမည်ပြောင်တွေခေါ်ကြတာပါဘဲ.....အမှန်တွေဆိုပေမဲ့..... ​နားပူစရာကြီးပါ....''

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now