အပိုင်း - (၃) _Unicode_

832 43 5
                                    



''အ.....အ....အသင်အခုလေးတင်....ဘ.....ဘ....ဘာကိုဆန္ဒရှိလိုက်တယ်......''

''ကျွန်တော်က အခုကျွန်တော့်ရှေ့က ခင်ဗျားကိုလိုချင်တယ်လို့ပြောလိုက်တာလေ....''

လွန်းတောင်းသည့်ဆုတောင်းကြောင့် ပရဏဝုရ်ယိဏ်း၏ခေါင်းဟာပူထူသွားလေသည်။ထို့နောက် ဂူအတွင်းရှိထုံးကျောက်ပန်းဆွဲ မီးရောင်များဟာလည်း အပြာနုရောင်မှ မက်မွန်ရောင်သို့ပြောင်းသွားလေသည်။ထို့နောက် ပရဏဝုရ်ယိဏ်းဟာ လွန်းဘက်ကိုလှည့်ကြည့်ကာ လွန်းအား အဘယ်ကြောင့်သူ့အားလိုချင်ရကြောင်း မေးလိုက်လေသည်။

''အ....အ....အသင်လူသားလွန်း....ကျွ......ကျွ...ကျွန်ုပ်တို့ကအခုလေးတင်မှတွေ့ဖူးကြတာလေ.....ပြီးတော့....အသင်ဟာ ယောက်ျားသားတစ်ယောက်.....''

''ဟမ်......ယိဏ်း.....ခင်ဗျားဘာတွေပြောနေတာလဲ....ကျွန်တော်ခင်​ဗျားကိုလိုချင်တယ်လို့ ပြောလိုက်တာက ခင်ဗျားကနဂါးဆို....အဲ့တော့ ရတနာတွေဘာတွေပေါမှာပေါ့....အဲ့တော့ ခင်ဗျားကိုကျွန်တော်ပိုင်ရင် ခင်ဗျားပိုင်တာတွေလဲ
ကျွန်တော်ပိုင်တာဘဲပေါ့....မဟုတ်ဘူးလား.....''

''အမ်.....''

''ဟမ်.....''

လွန်း၏အဖြေအားကြားလိုက်သည့်အချိန်တွင် ပရဏဝုရ်ယိဏ်းဟာ နှုတ်မှရုတ်တရက်..... အမ်....ဟုအသံထွက်သွားလေသည်။တစ်ပြိုင်နက်ထဲပင် လွန်းဟာလည်း ပရဏဝုရ်ယိဏ်းစကားကို ခဏအကြာမှ သဘောပေါက်လိုက်ပြီး သူပြောသည့်စကားဟာ ဘယ်ကိုရောက်သွားသည်ကို တွေးမိသွားလေသည်။


''အာ.....ဟို.....ဟို.....ယိဏ်း....အစောဏက စကားက ကျွန်တော် မတွေးမိဘဲ ဒီအတိုင်းပြောမိသွားတာပါ.....အခုမှတွေ့တဲ့ခင်ဗျားက ကိုယ့်ဘာသာကို နဂါးတွေဘာတွေပြောနေတော့ ကျွန်တော်လည်း ဒီအတိုင်းလျှောက်ပြောမိသွားတာပါ....ကျွန်တော်တောင်းတာလဲ မေ့လိုက်တော့.....''

''အဲ့သလိုဆို အသင်လူသားလွန်း တောင်အောက်ပြန်ဆင်းတော့မှာမဟုတ်ပါလား....''

''ဟမ်.....ဘာလို့ပြန်ဆင်းသေးမှာလဲ....အခုမှအစောကြီးရှိသေးတာ....''

''အဘယ်ကြောင့် ဒီဂူထဲတွင်နေချင်နေသေးရသနည်း.....အသင်လူသားအတွက် ဂူထဲမှာအချိန်ကြာစွာနေလေလေ အသက်ရှူရပိုခက်လေဆိုတာ အသင်လူသား သဘောမပေါက်သည်လော.....''

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Waar verhalen tot leven komen. Ontdek het nu