အပိုင်း - (၅) /special part/ _Zawgyi_

185 5 0
                                    



''ယိဏ်း.....ဟိုမှာတွေ့လား....ပြဇာတ်ကမှာဒီည....မြန်မြန်လာ....ခင်ဗျားကိုပြမယ်....အရမ်းမိုက်တဲ့ပြဇာတ်....''

''ကျွန်ုပ်လည်း လျှောက်နေတာပါဘဲ....အသင်လူသားက မြန်နေတာပါ....''

''အော်....ကဲ....ပြဇာတ်ကြည့်မှာပါဆို ခင်ဗျားလို့ ခြေတစ်လှမ်းကုဋေတစ်သန်းလျှောက်နေလို့ရမလား....သွက်သွက်လျှောက်မှ ပြဇာတ်ကြည့်ရမှာပေါ့......လာပါ....ခင်ဗျားလည်း ကျွန်တော်နဲ့စပြီးရင်းနီးတဲ့အမှတ်တရလို့မှတ်ပေါ့....''

''နားမလည်နိုင်ပေ....''

''ကဲပါ....မြန်မြန်လျှောက်....လာ....''

အချိန်ကား ညဆယ့်တစ်ချက်တီးချိန်ဖြစ်သည်။
လွန်းဟာ ယိဏ်းအား မုံတဝကျောင်း၏တောင်ဘက်မုခ်ပေါက်ကနေ ခေါ်လာခဲ့သည်။မုခ်ပေါက်အဝင်ကနေ မြောက်ဘက်ထိ ဝါးနှစ်ပြန်စာလောက် ရှိသည့် ကုန်းတက်ငယ်လေးအား ကျော်လာခဲ့ပြီးနောက်....အိုးစည်သံများ၊မောင်းသံများ၊လင်ချွမ်းသံများ၊ဝါးလက်ခုပ်သံတို့နှင့် သံချက်ညီညီ ချာဒူး(စည်းချက်)ကို လူပျိုပေါက်ကလေးငယ်များက ပျော်ရွှင်စွာတီးကာ ကတဲ့သူကလည်း ကနေကြလေသည်။ယိဏ်းသည် ထိုကလေးငယ်တို့ အိုးစည်ဘုံမောင်းတီးခတ်နေသည်ကို ငေးကာကြည့်နေလေသည်။ထိုသို့ငေးကြည့်နေသည်ကို လွန်းမြင်သွားကာ ယိဏ်းအနားသို့ လက်နှစ်ဖက်နောက်ချိတ်ကာ တိုးလာခဲ့လေသည်။

''ကဲ....ဘယ်လိုလည်း....အပြင်ထွက်ရတာ အဲ့လောက်ကြီးလည်း မခံစားရဘူးမလား....''

''ဟိုနားက ကလေးတွေကိုကြည့်နေတဲ့အချိန် ကျွန်ုပ်၏ရင်ဘက်ထဲမှာ လိပ်ပြာငယ်တို့ပျံသန်းနေကြသလိုခံစားချက်(စိတ်လှုပ်ရှားခြင်း)မျိုးခံစားနေရနေပြီး တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်မျိုးလို့ ဆိုရမည်....''

''ဪ.....နဂါးတွေက အဲ့တာတွေလည်း ခံစားတတ်တာဘဲလား....''

''နဂါးတွေဟာလည်း ခံစားချက်တွေကို သေချာနားလည်နိုင်ပါတယ် အသင်လူသား....''

''အယ်....ကောင်းလိုက်တာ....ဒါဆို ကိုနဂါးယိဏ်းကကျတော့ ခံစားချက်ပြင်းထန်လို့လား....လူတွေနဲ့ထိတွေ့ရမှာကြောက်နေတာက....''

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now