(Uni)
နေလရောင်သည် ကြယ်စင်သန့်အား မြောက်ဒဂုံမှာရှိနေသည့် သီဟ၏တိုက်ခန်းဆီသို့ခေါ်လာခဲ့သည်။
သူသည် သီဟနေသော တိုက်ခန်း၏အဆောက်အဦးပိုင်ရှင်ဆီမှာ တိုက်ခန်းသော့တောင်းပြီး သူမအားခေါ်လာခဲ့သည်။
သူသည် တိုက်ခန်းသော့ကိုဖွင့်လိုက်ပြီး သူမအားအရင်ပေး၀င်လိုက်စေသည်။"ဝါးးး သပ်ရပ်လိုက်တာ"
သူမသည် အခန်းထဲသို့ရောက်ရောက်ချင်းပြောလိုက်သည့်စကားကြောင့် သူသည်သူမအားသဘောကျစွာကြည့်လိုက်သည်။
ဟုတ်ပါသည် သီဟ၏အခန်းက သန့်ရှင်းနေလိုက်တာ။သီဟသည် ယောကျာ်လေးဖြစ်ပေမယ့် သန့်ရှင်းသပ်ရပ်မှုကိုအလေးထားသောသူဖြစ်သည်။အခုတောင် သူခရီးသွားနေတုန်း
သူ့အခန်းကိုလူငှားပြီး၃ရက်တစ်ခါ သန့်ရှင်းရေးပေးလုပ်ခိုင်းထား၏။သူသည် အခန်းတံခါးကို ပိတ်လိုက်ပြီး သူမဆီသို့လျှောက်လာခဲ့သည်။
"ကြယ်စင်သန့် ဒီအခန်းကိုကြိုက်ရဲ့လား"
"ဟုတ် ကြိုက်တယ်အကို ..အခန်းက အရမ်းကိုသန့်ရှင်းသပ်ရပ်ပြီးကျယ်လိုက်တာ..နေလို့ကောင်းမယ့်ပုံဘဲ"
"အွန်း..မင်းကြိုက်တယ်ဆိုလည်းပြီးတာပါဘဲကြယ်စင်သန့်..ကိုယ်ကမင်းအဆင်မပြေဖြစ်မှာကို စိုးရိမ်နေတာ"
"အာ မဟုတ်တာ အကိုရယ် ကြယ်စင်ကဂျီးမများတတ်ပါဘူးနော် ကြယ်စင်ကလေ ကြံရာနေမှာ နေတတ်ပြီး ကြုံရာအစားအစာလည်းစားတတ်သူပါနော်"
"အင်းပါ ကိုယ်သိပါပြီး...ဒါနဲ့ မင်းမှာ ဒီအ၀တ်အစားတစ်စုံဘဲရှိတာလား"
နေလရောင်သည် ကြယ်စင်သန့်၏တစ်ကိုယ်လုံးအားခေါင်းအစခြေအဆုံးကြည့်၍ မေးလိုက်၏။သူမ၏အ၀တ်အစားတွေက ရေစိုထားသဖြင့် တွန့်ကြေပြီးရှုံ့တွနေသည်။
"ဟို အကို..ကြယ်စင်အိမ်ကနေ ထွက်မပြေးလာခင်မှာလေ အိမ်အပေါက်၀ကနေပြီးရေကူးကန်ထဲကိုခုန်ချခဲ့ပါတယ် အဲဒါကြောင့် အ၀တ်အစားတွေကရေစိုပြီးရှံ့တွနေတာနေမှာပါ..ဟင်"
ကြယ်စင်သန့်သည် နေလရောင်အားရှင်းပြနေရင်း သူသည် သူ၀တ်ထားသည့် အပေါ်ဂျာကင်ကိုချွတ်လိုက်လေသည်။
YOU ARE READING
ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)
Romanceရှုပ်ထွေးတဲ့ဘ၀ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးနဲ့အကိုဖြစ်သူရဲ့သူငယ်ချင်းကိုချစ်မိသွားတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ သတိပေးချက်-🔞ပါပါမည်။