Part 21(Uni+Zawgyi)

1.8K 25 2
                                    

(Uni)
ညနေကျောင်းလွှတ်ချိန်ရောက်တော့ လ၀န်းနှင့် ကြယ်စင်သန့်တို့သည် အိမ်သို့ပြန်လာခဲ့ကြသည်။

သူမသည် ကျောင်းကနေ အိမ်ကိုစက်ဘီးနင်း၍ ပြန်လာရင်း ရင်ခုန်နေခဲ့သည်။အဘယ့်ကြောင့်ဆိုသော် ဒီနေ့ကို ဇိုင်းက သူမကိုစာသင်ပေးဖို့လာခဲ့မည်ဖြစ်သည်။သူမသည်ဇိုင်းကို ဟိုအရင်နေ့ကလိုပုံမှန်အတိုင်းမျက်နှာချင်းမဆိုင်နိုင်တော့ပါ။သူမတို့နှစ်ယောက်သည် ရုပ်ရှင်အတူကြည့်ခဲ့ကြသည့်နေ့ကတည်းက သူမသည် သူ့ပါးကိုနမ်းခဲ့ပြီးသူသည်လည်း သူမ၏နှုတ်ခမ်းကိုနမ်းခဲ့သည်။ခြုံပြီးပြောကြည့်ရမည်ဆိုလျှင် အဲဒီနေ့က သူမနှင့်ဇိုင်းသည် တစ်ယောက်ကိုတစ်ယောက် အနမ်းချင်းဖလှယ်ခဲ့ကြသည်။သူမသည် အဲဒီနေ့ကအကြောင်းကိုတွေးနေရင်း ရုတ်တရတ်ရှက်လာ၍ မျက်နှာပါနီလာခဲ့သည်။အခုချိန်မှာ ဇိုင်းနှင့် သူမက မဆုံချင်သေးသလို မျက်နှာချင်းမဆိုင်ရဲသေးပါ။

"ဒီနေ့ ငါ့ကို ကိုကိုဇိုင်းက စာသင်ပေးဖို့လာမှာဘဲ ဒီနေ့အဖို့တော့ သူနဲ့ငါနဲ့က ဘယ်လိုနှစ်ပါးသွားကြရမလဲ ငါတော့ မနေ့ကကိစ္စကြောင့် သူနဲ့မျက်နှာချင်းမဆိုင်နိုင်ဘူး အမလေး မျက်နှာပူလိုက်တာ"

သူမသည်တစ်ယောက်တည်းရေရွတ်နေရင်း အိမ်ကိုစက်ဘီးနင်းပြန်လာခဲ့သည်။ကြယ်စင်ကတော့ သူမနှင့် အိမ်ပြန်ရသည့်လမ်းကြောင်းမတူသည်ကြောင့် လမ်းခွဲကြပြီးတစ်ယောက်အိမ်တစ်ယောက်ပြန်သွားကြရသည်။
*
*
*
သူမသည် အိမ်သို့ရောက်သည်နှင့် စက်ဘီးကိုထားပြီး အိမ်ထဲသို့၀င်လာခဲ့သည်။
သူမအိမ်ထဲ၀င်လာတော့ ဧည့်ခန်းထဲမှာ သူမအကိုက ကောင်မလေးတစ်ယောက်နှင့်ထိုင်နေသည်။

"ဟင်"

ထိုအချိန်မှာ သူမ၏အကိုအနားမှာရှိနေသည့် မိန်းကလေးကိုတွေ့လိုက်တော့ သူမမျက်ခုံးပင့်ပြီးအံ့ဩသွားမိသည်။ထိုမိန်းကလေးက မည်သူမှမဟုတ် မနေ့ကရုပ်ရုံမှာ ဇိုင်းကိုဖက်ခဲ့သည့် မိန်းကလေးပင်ဖြစ်သည်။သူက ဘာလို့ဒီမှာရှိနေတာလဲ။သူမအကိုနဲ့ရော ဘယ်လိုပက်သက်တာလဲ။

သူမသည် ထိုမိန်းကလေးကို မျက်ခုံးပင့်ပြီးကြည့်နေရင်း..

"အုန်းမုတ်ခွက်မ ဘာကြည့်နေတာလဲ"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now