Part 1(uni+Zawgyi)

7K 46 0
                                    

မနက်၇နာရီခွဲအထိ လ၀န်းမေတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။

"လ၀န်းမေ လ၀န်းမေ လ၀န်းမေ ထတော့ သမီးကျောင်းသွားရမယ်မဟုတ်လား ထတော့ ၇နာရီခွဲနေပြီးနော် "

သူမကလည်း အိပ်လို့ကောင်းနေတုန်း အမေကလာနှိုးသည်ကြောင့် ညည်းညူလိုက်မိသည်။

"ဟာ အမေကလည်း သမီးမထချင်သေးဘူး အိပ်ချင်သေးတယ်လို့"

"ဟာ အိပ်လို့ရမလား ညည်းကျောင်းသွားရမယ်လေ ၁၀တန်းကျောင်းသူဖြစ်ပြီးတော့ ဇွဲကိုမရှိဘူး စာမေးပွဲဖြေလိုက်တိုင်းလည်း ဘယ်တော့မှ ဘာသာစုံ‌ေအာင်တာမဟုတ်ဘူး ပြီးတော့ နောက်လကျရင်စာမေးပွဲကဖြေရဦးမယ် စာမေးပွဲက ဖင်ထဲထိဆို့ပိတ်နေပြီး လူကအခုထိအပျင်းတစ်နေတုန်း  ငါအရမ်းစိတ်ဆင်းရဲတာဘဲ ညည်းအကိုကညည်းထက်သာသေးတယ် ကဲ့ညည်းထမှာလား မထဘူးလား  မထရင် ငါရေနဲ့ပက်ပြီးနှိုးမှာနော် မိလ၀န်းမေ ဖြန်း ထတော့"

သူမအမေ‌‌ေဒါ် မြခက်ကသူမကိုဆူရင်း သူမရဲ့တင်ပါးကိုဖြန်းခနဲရိုက်လိုက်လေသည်။သူမက မျက်လုံးကိုအတင်းဖွင့်ရင်း အမေရိုက်ထားပြီး ကျိန်စပ်နေတဲ့တင်ပါးကိုကိုင်ပြီး မျက်နှာရှုံ့မဲ့လိုက်မိသည်။

"အမေကလည်း သမီးဖင်ကိုဘာလို့ရိုက်ရတာလဲ နာလိုက်တာ အာ့ပါးပါ့း"

"ကဲ့ထတော့ အောက်မှာအမေ မနက်စာပြင်ထားပေးတယ် အားလုံးပြင်ဆင်ပြီးရင် ဆင်းလာခဲ့ အမေသွားပြီး ပြီးတော့ညည်း ပြန်အိပ်မယ်မကြံနဲ့နော် လ၀န်းမေ ဟင်း"

အမေကသူမကိုထိုသို့ပြောရင်း သက်ပြင်းချ၍ အောက်ထပ်သို့ဆင်းသွားလေသည်။သူမကလည်း ပြန်အိပ်လို့လည်း ရတော့မှာမဟုတ်တဲ့အတွက် သူမအကြောဆန့်၍ ရေချိုးခန်းထဲ၀င်ပြီး မျက်နှာသစ်သွားတိုက် ပြီးကျောင်းသွားရန်ပြင်ဆင်ရလေသည်။ခနအကြာသူမပြင်ဆင်ပြီးနောက် သူမရဲ့ကျောင်းလွယ်အိတ်ကိုယူပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်ထပ်သို့ရောက်တော့ အဖေနဲ့အမေက ကော်ဖီသောက်ပြီးသွားပြီးနှင့်တူသည် အမေကသူမအတွက် ကော်ဖီနှင့်မုန့်ပြင်ထားပေးသည်။သူမကော်ဖီဝိုင်းမှာထိုင်လိုက်ပြီး ကော်ဖီကိုစိမ်ပြေနပြေသောက်နေလိုက်သည်။ခနအကြာ သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကြယ်စင်သန့်က သူမကိုကျောင်းသွားဖို့လာခေါ်သည်။သူမအမေ့ကိုနှုတ်ဆက်လိုက်၍ သူမရဲ့စက်ဘီးကိုယူပြီး ကြယ်စင်နဲ့အတူ ကျောင်းကိုသွားလိုက်သည်။သူမသူငယ်ချင်းကြယ်စင်က မင်းသမီးရူးရူးနေတဲ့သူဖြစ်၏။ကြယ်စင်ရဲ့ရည်မှန်းချက်က ကြီးလာရင် မင်းသမီးလုပ်ဖို့တဲ့ ကြယ်စင်က စကားပြောရင် အိုက်တင်ပါအောင်ပြောတတ်ပြီး ဟိုနေ့ကဆို ကြယ်စင်သရုပ်ဆောင်လေ့ကျင့်ဖို့အတွက်ဆိုပြီး သူမကို မင်းသားနေရာမှာထားပြီးလေ့ကျင့်ခဲ့သေးသည်။

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now