Part 7(Uni+Zawgyi)

2K 45 3
                                    

(Uni)
လ၀န်းသည် သူမ၏အကိုနှင့်စာသင်ပြီးနောက် ညနေထမင်းစားချိန်ရောက်နေပြီးဖြစ်တော့ကြောင့် သူမတို့တစ်မိသားစုလုံး ထမင်းစားနေကြကုန်သည်။
သူမသည် ထမင်းစားနေတုန်း မနက်ဖြန်သူငယ်ချင်းများနှင့်အပြင်မှာ စာလုပ်ရန်  အဖေနှင့်အမေကိုခွင့်တောင်းလိုက်သည်။

"အဖေနဲ့အမေ"

သူမခေါ်လိုက်တော့ သူမ၏မိဘနှစ်ပါးက သူမကိုပြိုင်တူကြည့်လိုက်သည်။သူမအကိုကတော့ ထမင်းကို အားရပါးရစားနေဆဲဖြစ်သည်။

"ဟင် ပြောလေသမီး ဘာပြောမလို့လဲ"

သူမအဖေက သူမကိုကြည့်နေပြီး သူမအမေကဘဲသူမကိုမေးလိုက်သည်။

"ဟို မနက်ဖြန်ကျရင်လေ သမီးသူငယ်ချင်းတွေနဲ့ အပြင်မှာ စာသွားလုပ်မလို့လေ အဲဒါအဖေနဲ့အမေကိုခွင့်တောင်းတာ"

"အော်..."

"အိမ်မှာလဲ လုပ်လို့မရဘူးလား အငယ်မ"

"ဟင်"

သူမအမေက သူမကိုတစ်ခုခုပြောမလို့ပြင်နေတုန်း သူမအကိုသည်ထမင်းကိုပလုပ်ပလောင်စားနေတုန်း၀င်ပြောလိုက်ခြင်းဖြစ်သည်။

"ပြီးတော့ နင်နဲ့အတူစာလုပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေထဲမှာ ယောကျာ်လေးပါလား"

"ဟဲ့ သား ညီမလေးကို ဘာတွေလျှောက်မေးနေတာလဲ"

"ဆရာမကိုယ်တိုင်ရွေးပေးထားတာကို ယောကျာ်လေးပါတာတောင် ညီမလေးတို့မှာ အထွန့်တက်ပိုင်ခွင့်မရှိပါဘူးကိုကို"

"အော် အဲဒါဆို နင်နဲ့အတူစာလုပ်မယ့်ပါတနာတွေထဲမှာ ယောကျာ်လေးပါတယ်လို့ဆိုလိုချင်တာပေါ့ ဟုတ်လား"

"ဟုတ်တယ်လေ ပါတယ် အဲဒါဘာဖြစ်လဲကိုကို ညီမလေးတို့ကဒီအတိုင်းစာဘဲလုပ်ကြမှာပါ ကိုကိုတွေးနေ‌သလိုမဟုတ်ဘူး"

"ဟဲ့ ငါပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ ..."

"ဟဲ့ သားကြီး တော်တော့ ညီမလေးကို ဘာမှမပြောနဲ့တော့ ကိုယ့်ထမင်းကိုယ်စားစမ်း အရွယ်ကလည်းငယ်ကြတာမဟုတ်တော့ဘူး ရန်ကအမြဲဖြစ်နေတာဘဲ"

"သား ရန်ဖြစ်နေတာမဟုတ်ပါဘူးအမေ သားညီမလေးကိုစိတ်ပူလို့ပါ"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now