Part 24(Uni+Zawgyi)

2K 22 8
                                    

(Uni)

ညနေရောက်သော် ကြယ်စင်သန့်သည် သူမ၏အိပ်ရာပေါ်မှာ ထိုင်လျက်ဒူးနှစ်ဖက်ကိုထောင်ထားပြီး အသံတိတ်ငိုနေလေသည်။ထိုအချိန်တွင် သူမ၏အခန်းတံခါးက ရုတ်တရတ်ကြီးပွင့်လာခဲ့သည်။

"ဟင် အမေ"

သူမအခန်းထဲကို ၀င်လာခဲ့သည့်သူကို သူမ၏အမေလို့ထင်ခဲ့မိသည်။သို့ပေမယ့် မထင်မှတ်စွာနှင့် သူမ၏အခန်းထဲကို၀င်လာခဲ့သည့်သူက သူမ၏အမေမဟုတ်ဘဲ နွယ်နီဖြစ်နေသည်။ထို့နောက် နွယ်နီ့ကသူမ၏ လက်ထဲမှာလည်း ထမင်းတွေဟင်းတွေထည့်ထားသည့် ဗန်းတစ်ဗန်းနှင့် ရေတစ်ခွက်ရယ်ကိုသယ်လာခဲ့သည်။

"နွယ်နီ နင်ငါ့အခန်းထဲကို ဘာလာ၀င်လုပ်တာလဲ အယုတ်တမာမ ထွက်သွား"

"အဟက် ဘာလို့ဒေါသထွက်နေတာလဲ ကြယ်စင်သန့်ရဲ့ ငါက နင်ဒီအခန်းထဲမှာ ပိတ်လှောင်ခံထားရပြီး ဗိုက်ဆာနေမှာစိုးလို့ ငါကစေတနာနဲ့ ထမင်းလာပို့ပေးတာလေ အဟက်"

"မလိုဘူး ငါ့နင်ကျွေးတဲ့ထမင်းစားရမယ့်အစား အဆိပ်ဘဲစားပြီး အသေခံလိုက်မယ် နင့်ထမင်းနင်ပြန်ယူသွား"

"ငါကလည်းနင့်ကိုကျွေးချင်လွန်းလို့ ယူလာခဲ့တာမဟုတ်ပါဘူးနော် ..နင့်အမေက နင့်ဆီကိုပို့ခိုင်းလို့ယူလာလိုက်တာ ဖြစ်နိုင်ရင် နင်ကိုငါတစ်စက်ကလေးမှစေတနာရှိတာမဟုတ်ဘူး"

"စေတနာမရှိရင်လည်း ဘာလို့ ငါ့ကိုထမင်းလာပို့နေသေးလဲ ထွက်သွားလိုက်လေ ငါ့အခန်းကနေ"

"အဟက် နင်ငါ့ကိုနှင်စရာမလိုပါဘူး ငါထွက်သွားမှာပါ အခု နင့်ကိုငါပြောစရာရှိလို့ လာခဲ့တာ"

"မပြောနဲ့ နားမထောင်ချင်ဘူး နင်ငါ့အခန်းထဲကနေ အခုချက်ချင်းထွက်သွား နင့်မျက်နှာကို ငါမမြင်ချင်ဘူး"

"အဟက် ငါကလည်းနင့်ကိုမြင်ချင်လို့လာခဲ့တယ်များထင်နေလား ကြယ်စင်သန့် ..အဟက် နင်အခုလိုပိတ်လှောင်ခံရပြီး စိတ်ဆင်းရဲနေတာကို မြင်ချင်လို့ ငါလာခဲ့တာ ဟားဟားဟားဟား"

နွယ်နီသည် သူမအားထိုစကားကိုပြောနေရင်းသွေးပျက်စွာ ရယ်လိုက်သည်။

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now