Part 9(Uni+Zawgyi)

1.7K 31 1
                                    

(Uni)

"ကို ကိုကိုဇိုင်း"

"ကလေး"

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်အံ့ဩမင်သတ်စွာကြည့်နေကြသည်။

ဇိုင်းသည် မထင်မှတ်ဘဲ သူမကိုသူအလုပ်လုပ်နေတဲ့ကော်ဖီဆိုင်မှာတွေ့လိုက်ရလို့အံ့ဩသွားပြီး လ၀န်းမှာတော့ မတွေ့ရတာ၂ရက်တောင်ကြာပြီးဖြစ်သည့် Crushနဲ့မထင်မှတ်ဘဲတွေ့လိုက်ရသည့်အတွက် အံ့လည်းအံ့ဩ ပျော်လည်းပျော်သွားမိသည်။
ဇွဲဘုန်းထက်သည် တစ်ယောက်ကိုတစ်ယောက် အကြည့်မလွှဲဘဲစိုက်ကြည့်နေသည့် သူတို့နှစ်ယောက်ကြည့်ပြီး သူ့ရင်ထဲမှာ အမည်မသိသည့် ခံစားမှုတစ်ခုပေါ်ပေါက်လာခဲ့သည်။

"ကိုကိုဇိုင်းက ဒီကို ဘယ်လိုလုပ်ပြီး..."

"ကိုယ်က ဒီမှာအလုပ်လုပ်နေတာလေ ကလေးကရော ဒီကိုဘာလာလုပ်တာလဲ"

ဇိုင်းသည် သူမနှင့်ဇွဲဘုန်းထက်ကိုကြည့်ပြီးမေးလိုက်သည်။

"လ၀န်းတို့က ဒီဆိုင်မှာ သူငယ်တွေစုပြီး စာလာလုပ်ကြတာပါ ကိုကိုဇိုင်း"

"အော် ဟုတ်လား ကလေး"

"ဟုတ်"

ဇွဲဘုန်းထက်သည် သူ့ကိုအလယ်မှာထားပြီး ထိုလူနှင့်သာ ပြုံး၍ စကားပြောနေသည့် လ၀န်းမေကိုကြည့်ပြီး..

"လ၀န်းမေ သူကနင့်အသိလား"

"အင်း ဟုတ်တယ် ဒါငါ့ကိုအိမ်မှာစာလာသင်ပေးနေတဲ့ဆရာလေ ပြီးတော့ ငါ့အကိုရဲ့သူငယ်ချင်းဆိုရင်လည်း ဟုတ်တယ် ဒါနဲ့ ကိုကိုဇိုင်း မိတ်ဆက်ပေးရဦးမယ် ဒါလ၀န်းရဲ့သူငယ်ချင်းလေ နာမည်ကဇွဲဘုန်းထက်တဲ့"

"အင်း တွေ့ရတာ၀မ်းသာပါတယ်ညီ"

ဇွဲဘုန်းထက်သည် ဇိုင်းနှုတ်ဆက်တာကို ပြန်မနှုတ်ဆက်ဘဲ

"ဟုတ်ကဲ့"တစ်လုံးဟုသာပြန်ပြောလိုက်သည်။

"ဒါနဲ့ ညီနဲ့ကလေးတို့က ဘာစားကြမလဲ မှာလေ ကိုယ်ချက်ချင်းယူလာပေးမယ်"

"........"

ဇွဲဘုန်းထက်က ဘာမှမပြောဘဲ မျက်မှောင်ကြုံ့၍ သူ့စာအုပ်ကိုသူလှန်နေသည်။

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now