Part 13(Uni+Zawgyi)

1.9K 38 4
                                    

(Uni)

ဇိုင်းသည် လ၀န်းကို သူမအိမ်ထိသို့ရောက်အောင် လိုက်ပို့ပေးလိုက်သည်။ကားပေါ်မှာပါလာသည့်တစ်လျှောက်လုံးလ၀န်းသည် စကားဆိုလို့ ဘာတစ်ခွန်းမှမပြောပေ။ဇိုင်းလည်း သူမအားစကားပြောချင်သော်လည်း သူမ၏မျက်နှာအရိပ်အကဲကို ကြည့်နေရတော့ကြောင့် သူလည်း ဘာစကားမှမပြောမိချေ။
သူတို့စီးလာသည့် တက္ကစီကားသည် သူမအိမ်ရှေ့သို့ ရပ်လိုက်သည်။သူမသည် ကားရပ်လိုက်သည်နှင့်ကားပေါ်ကနေ အလျင်အမြန်ဆင်းလိုက်သည်။ဇိုင်းလည်း ကားပေါ်ကနေ အရင်ဆင်းသွားသည့် သူမကို နားမလည်သည့်မျက်နှာနှင့်ကြည့်ပြီး ကားဆရာကို ကားခအမြန်ပေးလိုက်သည်။

"ရော့ ဦးလေး ဒီမှာ ကားခ"

"အေးအေး ငါ့တူ ဒါနဲ့ မင်းကောင်မလေးက စိတ်ကောက်နေတာထင်တယ် အမြန်သွားချော့လိုက်ပါကွာ"

ထိုကားသမားဦးလေးစကားကြောင့် ဇိုင်းတစ်ယောက် မျက်လုံးပြူးသွားသည်။ထိုဦးလေးက သူမနှင့်သူ့ကို ရည်းစားလို့ ထင်နေသည်မလား။

"ဟို ဦးလေး သူနဲ့ကျွန်တော်က ရည်းစားတွေ မဟုတ်..."

"ကိုကိုဇိုင်း"

သူကားသမားဦးလေးကို ရှင်းပြမလို့ လုပ်နေရင်း လ၀န်းက သူ့ကို ခေါ်လိုက်သည်ကြောင့်သူစကားပြတ်သွားရသည်။

"ငါ့တူ မင်းကောင်မလေးခေါ်နေပြီး မြန်မြန်သွားချော့လိုက်ကွာ မိန်းကလေးတွေစိတ်ကောက်တာကြာသွားရင် မင်းတို့လိုချစ်သူကောင်လေးအတွက် မလွယ်ဘူးနော် အမြန်သွားချော့လိုက်ကွာ"

"အော် ဟုတ်"

သူလည်း ထိုကားသမား‌ဦးလေး ပြောသည့်စကားများကို ယောင်လည်လည်နှင့်ထောက်ခံလိုက်ပြီး သူမရှိရာဆီ လျှောက်လာခဲ့သည်။

"ကိုကိုဇိုင်း အဲဒီဦးလေးနဲ့ ဘာတွေပြောနေတာလဲ"

"အော် ဘာမှမဟုတ်ပါဘူး ကလေး ကိုယ်ကားခရှင်းနေတာပါ"

"အော် ဟုတ်လား...အင်း ဒါဆို လ၀န်းအိမ်ထဲ၀င်တော့မယ်နော် ပြီးတော့Happy Worldမှာလ၀န်းနဲ့အတူလျှောက်လည်ပေးတဲ့အတွက် ကိုကိုဇိုင်းကို ကျေးဇူးတင်ပါတယ်နော်"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now