Part 6(Uni+Zawgyi)

2.2K 35 3
                                    

(Uni)
နောက်၁၅မိနစ်ကြာသောအခါ လ၀န်းနှင့်ကြယ်စင်သန့်တို့နှစ်ယောက် ကျောင်းသို့ရောက်သွားခဲ့သည်။သူမတို့နှစ်ယောက် ကျောင်းကိုရောက်သည်နှင့် စက်ဘီးကိုညီညာစွာစီးလိုက်ပြီး သူတို့အခန်းရှိရာသို့၀င်လာခဲ့သည်။

"လ၀န်း နင်မနေ့ညက ဆရာမကျက်ခိုင်းတဲ့ဟာတွေရလား"

"အင်း ရတယ် နင်ရော"

"မရတရ"

"ဘာတုန်း မရတရက"

"မသေချာတာကိုပြောတာဟာ ဒါနဲ့ မနေ့ကနင်အိမ်ကိုလောပြီးပြန်နေရတဲ့ကိစ္စငါ့ကိုပြောပါဦး ဘာတဲ့လဲ အိမ်မှာနင့်ကိုစာသင်ဖို့နင့်လင်ရောက်နေတယ်ဆိုလား"

"အော် အဲဒါလား အဟိ"

သူမသည် ကြယ်စင်မနေ့ကအကြောင်းမေးတာနှင့် အရှက်ပြေစွာရယ်လိုက်သည်။

"ဘာ အဟိလဲ ပြောစမ်း မိန်းမ နင်မရိုးတော့ဘူးနော် ဘာလဲ ချစ်သူများတွေ့နေပြီးလား"

"အွန်း ဟုတ်တယ်"

"ဟယ် ဘယ်သူလဲ ဘယ်ကလဲ လ၀န်း"

"ဟဲ့ ဖြည်းဖြည်းမေးပါဟ နင်ကလည်း"

"အေးပါ မြန်မြန်ပြောတော့ ငါသိချင်လာပြီး ဆရာမ မလာခင်ပြော"

"အင် ဒီလိုဟ $&*_&$::""&;'_&$_&&......"

သူများဇိုင်းနဲ့ဘယ်လိုစ‌တွေ့ပြီး ဇိုင်းအပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုတာကို ကြယ်စင့်ကိုတစ်ခုမကျန်ပြောပြလိုက်သည်။ကြယ်စင်ကလည်း သူမပြောပြတာကို စိတ်၀င်တစားနှင့်နားထောင်နေရှာသည်။

"ငါနဲ့သူနဲ့ အကြောင်းက အဲဒါဘဲဟယ်"

"အင်း ဒါနဲ့လ၀န်း နင့်အကိုက သူ့သူငယ်ချင်းအရင်းကြီးကို နင်က ကြိုက်နေတယ်ဆိုတာ သူသိလား"

"မသိဘူး"

"ဘယ်လို"

"ဟုတ်တယ် သူသာသိခဲ့ရင် ငါ့ကိုဒီအတိုင်းထားပါ့မလား အိမ်မှာဆို သူနဲ့ငါက အပေါက်ကြောက တည့်တာမဟုတ်ဘူး  ခွေးနဲ့ကြောင်လိုကိုက်နေတာ ငါအမှားနည်းနည်းလေးလုပ်ရင်တောင် ပြောတာပြောတာ ဆိုတာမှအရမ်းဘဲ ခင်မို့မို့အေးတောင် အရှုံးပေးရတယ်ဟယ် အခု ငါသူ့သူငယ်ချင်းကို ကြိတ်Crushနေတာ သိကြည့်ပါလား ငါ့ကိုအရိုးတခြားအသားတခြားဖြစ်အောင် လုပ်ပစ်မှာကျိန်းသေးတယ်"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Dove le storie prendono vita. Scoprilo ora