Part 26(Uni+Zawgyi)

1.6K 30 6
                                    

(Uni)

"ဟာ့ ကြယ်စင်သန့်"

ထိုကားပေါ်ကနေ ဆင်းလာပြီးသူမ၏နာမည်ကိုခေါ်ပြီး လူတစ်ယောက်ကပြေးလာခဲ့သည်။ထိုသူမှာ..

"အ အကို"

သူမ၏ချစ်ရသူ နေလရောင်သာဖြစ်ပါသည်။နေလရောင်သည် ဗိုက်ကိုဖိ၍ လဲကျနေသည့်သူမကိုချက်ချင်းထူလိုက်ပြီး စိုးရိမ်တကြီးမေး ‌လိုက်သည်။

"ကြယ်စင်သန့် ဘယ်လိုဖြစ်ရတာလဲကွာ"

သူမသည် ခနကအထိုးခံထားရတာ ဗိုက်နာအရမ်းနာလွန်းနေသည့်ကြောင့် ဘာစကားမှမပြောနိုင်ဘဲ သူ့ကိုသာ အားကိုတကြီးကြည့်ပြီးငိုလိုက်မိသည်။

"အဟင့် အဟင့် အ အကို"

"ကြယ်စင်သန့် မင်း အဆင်ပြေရဲ့လား  ကိုယ့်ကိုပြော"

"အ အကို ကြယ် ကြယ်စင့်ဗိုက်က နာ နာတယ် အဟင့်"

နေလရောင်သည် သူမ၏ဗိုက်ကိုဖိပြီးသူ့ကိုစကားတစ်လုံးပြောထွက်ဖို့ အားတောင်မနည်းယူပြီးပြောနေရသည့် သူမကို ကြည့်ပြီးသနားသွားမိသည်။သူမကို ဘယ်သူကများ ဒီလိုဖြစ်အောင် လုပ်လိုက်ရတာလဲ။ထိုအခါ ကြယ်စင့်သန့်၏ ကိုယ်ကိုသူချက်ချင်းကြည့်လိုက်မိ၏။သူမ၏အကျီကြယ်သီးသည် ရစရာမရှိဘဲ အထဲကဘော်လီတောင်ပေါ်အောင်ပြုတ်ထွက်နေရှာသည်။ထိုအချိန်တွင် သူ့၏အပေါ်ဂျာကင်ကိုချွတ်ပစ်လိုက်ပြီး သူမ၏ ရင်ကို လုံခြုံအောင် ခြုံပေးလိုက်သည်။သူမ၏မျက်နှာကိုကြည့်လိုက်တော့လည်း ပါးနှစ်ဖက်သည် ညိုမဲစွဲနေပြီး နှုတ်ခမ်းထောင့်မှာလည်း သွေးတွေစီးကျနေလေသည်။

"တောက် ဘယ်ကခွေးမသားလဲကွာ"

"အဟင့် ကြယ် ကြယ်စင် ဆေး ဆေးရုံ  အာ့ "

"ဟာ ကြယ်စင်သန့် ကောင်မလေး ..မင်းစ စကားသိပ်မပြောနဲ့ ဟုတ်ပြီးမင်းကို ကိုယ်ဆေးရုံပို့ပေးမယ် ပြီးမှ ကိုယ်တို့ဆက်ပြောကြမယ်နော်"

"အင်း အဟင့်"

ကြယ်စင်သန့်သည် နေလရောင်ကို အားကိုးတကြီးကြည့်ပြီး ငိုပစ်လိုက်သည်။သူသာ အချိန်ကိုက်ရောက်မလာခဲ့ရင် သူမဘ၀က ဟိုလူကြီးနှစ်ယောက်လက်ထဲမှာ မတွေးရဲစရာဘဲ။အခု နေလရောင်ဆိုသည့် ထိုလူသည် သူမ၏ဘ၀၊သူမ၏အရှက်နှင့်သိက္ခာကို ကယ်တင်လိုက်ပြီးဖြစ်၏။

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now