Part 19(Uni+Zawgyi)

2.2K 27 5
                                    

(Uni)

"ဒီ ဒီ ဒီ"

အချိန်ကား ည၁၀နာရီ၀န်းကျင်လောက်ဖြစ်မည်။ဇိုင်းတစ်ယောက် အိပ်မောကျနေတုန်း သူ့၏အိပ်ရာနားမှာတင်ထားသည့် သူ့၏ဖုန်းက ရုတ်တရတ်မြည်လာခဲ့သည်။

"ဒီ ဒီ ဒီ"

ထိုဖုန်းသံသည် ဆက်တိုက်မြည်နေသည်ကြောင့် သူ့၏မျက်လုံးကို မနိုင်မနင်းဖွင့်၍ ထထိုင်လိုက်ပြီး စားပွဲပေါ်မှာ တင်ထားသည့် သူ့ဖုန်းကို အမြန်ယူပြီး ဖြေလိုက်သည်။

"ဟယ်လို"

"ဇိုင်း"

ထိုဖုန်းထဲကရင်းနှီးနေသည့်အသံကြောင့် သူအိပ်ချင်စိတ်တွေချက်ချင်းဖြေသွားပြီး သူ့မျက်နှာသည် ရုတ်တရတ်ကြီး ခက်ထန်သွားသည်။

"မင်းဘာလို့ငါ့ဆီဖုန်းဆက်တာလဲ မိုး၀သန်"

"အဟက် ဇိုင်းက မိုးအသံကို မှတ်မိသားဘဲ ကြည့်ရတာ ဇိုင်းက မိုးကိုတစ်နေ့မှမေ့မရဘူးထင်တယ် အဲဒါတောင် ဇိုင်းက ဟိုအသက်မပြည့်သေးတဲ့ကလေးကို အသုံးချပြီး မိုးသ၀န်တိုအောင် နမ်းပြလိုက်သေးတယ်"

"မင်းပါးစပ်ကို ပိတ်ထား မိုး၀သန် မင်းစောက်ပိုတွေပြောမနေနဲ့ ..ဒါနဲ့ ငါမေးပါဦးမယ် မင်းငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ပြီးရတာလဲ မင်းဖြေစမ်း"

"အဟက် ကိုယ်ချစ်ရတဲ့သူရဲ့ ဖုန်းနံပါတ်ကိုစုံစမ်းရတာ မိုးအတွက်တော့ မခက်ခဲပါဘူးဇိုင်းထက်မာန်ရဲ့"

"ကျစ် မိုး၀သန် မင်းအခုဘာလို့ငါဘ၀ထဲကို ပြန်၀င်လာတာလဲ လွန်ခဲ့တဲ့ ၂နှစ်ကဘဲ မင်းငါ့ကိုမချစ်တော့လို့ စွန့်ပစ်ထားခဲ့တာမဟုတ်လား ဘာလို့ငါ့ဆီကိုပြန်လာတာလဲ မင်းဘာလိုချင်လို့လဲ ပြော"

"မိုးအခြားတော့ မလိုချင်ပါဘူး ဇိုင်းရဲ့ မိုးအခုနိုင်ငံခြားကနေ ပြန်လာတာက ဇိုင်းကိုသတိရလို့ ဇိုင်းကိုပြန်လိုချင်လို့ အမှန်အတိုင်းပြောရရင် မိုးဇိုင်းကိုတစ်နေ့မှမေ့မရခဲ့ဘူး မိုးအခုချိန်ထိဇိုင်းကိုချစ်နေတုန်းဘဲဇိုင်း ဇိုင်းကိုလမ်းခွဲစကားပြောခဲ့ပြီးနိုင်ငံခြားသွားခဲ့တဲ့မိုးကိုယ်မိုးလည်းအရမ်းမုန်းတယ် နောင်တလည်းရတယ် သိလား"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now