Part 8(Uni+Zawgyi)

1.8K 36 2
                                    

(Uni)
လ၀န်းသည် မနက်စာစားပြီးနောက် ရေအမြန်ချိုး၍ အပြင်သွားရန် ပြင်ဆင်လိုက်သည်။သူမသည် အပြင်သွားရန် အဆင်ပြေသော ဂါ၀န်တစ်ထည်ကိုရွေးပြီး မှန်တင်ခုံရှေ့မှာ သူမမျက်နှာကို နို့ရည်နည်းနည်းလိမ်းလိုက်ပြီး နှုတ်ခမ်းကို ပန်းနုရောင်ဖျော့ဖျော့ဆိုးလိုက်သည်။သူမအမြန်ပြင်ဆင်ပြီးနောက် နာရီကို ကြည့်လိုက်တော့ 8:15ရှိနေပြီးဖြစ်သည်။

"ကြယ်စင်ကလည်း မလာသေးပါလား ခုနနေကျရင် ၉နာရီထိုးတော့မှာကို မဖြစ်သေးပါဘူးလေ ကြယ်စင့်ကို ကြိုပြီးဖုန်းဆက်လိုက်ဦးမယ်"

ထိုအချိန် စားပွဲပေါ်မှာတင်ထားသည့် သူမဖုန်းကို ယူလိုက်ပြီး ကြယ်စင့်ဆီဖုန်းခေါ်လိုက်သည်။

"ဒီ ဒီ ဒီ"

ဖုန်းက ၀င်နေပေမယ့် ကြယ်စင်ကမကိုင်ပေ။
ကြယ်စင်က ဖုန်းမကိုင်တော့ကြောင့် သူမချရန်ပြင်လိုက်စဉ်..

"ဟယ်လို"

"ကြယ် ကြယ်စင်လား နင်အခုပြင်ပြီးပြီးလား ငါနင့်ကို အိမ်မှာစောင့်နေတယ်နော် ငါ.."

"ဒီမှာ ငါကြယ်စင်မဟုတ်ဘူး ငါကနွယ်နီ"

"ဟင် နွယ်နီလား ကြယ်စင်မရှိဘူးလား ငါသူနဲ့ဖုန်းပြောချင်လို့"

"သူမရှိဘူး အမေက ငရုတ်သီးမှုန့်သွား၀ယ်ခိုင်းတာ သူသွား၀ယ်နေတာကြာပြီး အခုချိန်ထိအိမ်ကိုပြန်မရောက်လာသေးတာ ဘယ်တွေများအလေလိုက်နေလဲမသိဘူး လင်နောက်များလိုက်သွားပြီးလား အချိုးကိုက"

သူမကြယ်စင့်အကြောင်းသိချင်လို့မေးလိုက်တာ ကြယ်စင်ကိုကြုံရင်ကြုံသလိုမှိုးချိုးမျှစ်ချိုးပြောနေသည့် နွယ်နီကို သူမတင်းသွားမိသည်။

"သူမရှိရင်လည်း ပြီးတာပါဘဲ နင်ကြယ်စင့်ကိုအဲဒီလောက်ပြောစရာမလိုပါဘူး နွယ်နီ သူကနင့်အမနော် ကြယ်စင်က နင့်ထက်၂နှစ်တောင်ကြီးတာ နင်ကလေလူကြီးကို လူကြီးမှန်းမသိဘူး နင်သူများကိုမှိုချိုးမျှစ်ချိုးမပြောခင် နင်ကိုယ်နင်လည်းမှန်ထဲအရင်ကြည့်လိုက်ဦး နင်က သူများကို အဲဒီလိုမှိုချိုးမျှစ်ချိုးပြောဖို့ အရည်အချင်းရှိရဲ့လားဆိုတာ ပြီးတော့ သူအိမ်ပြန်‌ရောက်လာရင် ငါ့ဆီဖုန်းပြန်ခေါ်လာဖို့ပြောလိုက် ကြားလား ဒါဘဲ!"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now