Part 28(Uni+Zawgyi)

1.4K 25 4
                                    

(Uni)

"ဘယ်လို!"

"ဟုတ်တယ်အကို ကြယ်စင်အိမ်ကနေထွက်ပြေးလာတာ"

"ဘာ ..ဘာလို့လဲ ကြယ်စင်သန့် မင်းဘာလို့အိမ်ကနေထွက်ပြေးလာခဲ့တာလဲ ဘာဖြစ်လို့လဲ"

နေလရောင်သည် ကြယ်စင်သန့်၏လက်ကိုဆုပ်ကိုင်ပြီးမေးလိုက်၏။

"ဟို ကြယ် ကြယ်စင် အဖေနဲ့တွေ့ချင်လို့"

"ဟင်"

"ဟုတ်တယ်အကို ကြယ်စင့်အဖေနဲ့တွေ့ချင်လို့ အိမ်ကနေထွက်ပြေးလာခဲ့တာ..အဖေကအခုလောက်ကိုင်မှာရှိနေတာအကို..အမေနဲ့အဖေက မကြာခင်ကကွာရှင်းခဲ့ပြီး အဖေက အဝေးဆုံးကိုထွက်သွားခဲ့တာ အမေကတော့ အခုနောက်အိမ်ထောင်နဲ့ပါအကို..အမေကအဖေ့ကိုအရမ်းမုန်းနေတော့ ကြယ်စင်ကအဖေနဲ့ဆက်သွယ်မှာကို မလိုလားဘူးလေ..ဒါပေမယ့် မနေ့က ကြယ်စင်အဖေနဲ့အဆက်အသွယ်ပြန်ရတယ်အကို "

"အင်း"

"ဒါပေမယ့် ကြယ်စင့်ပထွေးနဲ့ပါလာတဲ့သမီးက ကြယ်စင့်အဖေနဲ့ဖုန်းဆက်‌ပြောနေတာကို ခိုးနားထောင်ပြီး ကြယ်စင့်အမေကို တိုင်ပြောလိုက်တယ်အကို..အဲဒါကို အမေကဘာလို့ အဖေနဲ့ဆက်သွယ်ရတာလဲဆိုပြီးကြယ်စင့်ကို အပြင်မထွက်ရလေအောင် အခန်းထဲမှာသော့ခတ်ပိတ်ထားတယ် ပြီးတော့ ကြယ်စင့်ဖုန်းကိုလည်း သိမ်းထားတယ်အကို"

"ဟင်"

"ကြယ်စင်အခု အဖေနဲ့အရမ်းတွေ့ချင်လွန်းလို့ အိမ်ပေါ်ကနေအပြီးအပိုင်ထွက်ပြေးလာခဲ့တာ ထွက်ပြေးလာခဲ့တာ ပြီးတော့ ကြယ်စင်ထွက်ပြေးလာပြီး ဘယ်သွားရမယ်မှန်းမသိတာနဲ့ အုတ်ခုံတစ်လုံးမှာထိုင်ပြီးစဉ်းစားနေခဲ့တာ..အဲဒီအချိန်မှာဘဲ အဲဒီလူနှစ်ယောက်က ရောက်လာပြီး ကြယ်စင့်ကို ရမ်းကားဖို့ကြိုးစားတာဘဲ..ဒါပေမယ့် အဲဒီအချိန်မှာ အကိုရောက်လာခဲ့လို့ ကြယ်စင်ဘာမှဆိုးဆိုးရွားရွားမဖြစ်တာပါအကို..ကြယ်စင့်ဘ၀ကို ကယ်တင်ပေးတဲ့အတွက် အကို့ကိုကျေးဇူးအရမ်းတင်ပါတယ်နော် အကို့ကျေးဇူးကို ဘာနဲ့ဆပ်ရမယ်မှန်းတောင်မသိတော့ပါဘူး"

"ဟာ ရပါတယ် ကောင်မလေးရယ် ကိုယ့်ကိုကျေးဇူးတင်စရာလည်းမလိုပါဘူးကွာ မင်းအခုလိုမျိုးအကောင်းအတိုင်းရှိနေတာနဲ့တင် ကိုယ်ကျေနပ်ပါတယ်"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Onde histórias criam vida. Descubra agora