Part 3(uni+zawgyi)

3.1K 33 4
                                    

လ၀န်းမေသည် စာကျက်နေလိုက်ရင်း သူမအကိုကိုစောင့်နေသည်။သူမအကိုကို စောင့်နေရသည့်အကြောင်းအရင်းမှာ ဇိုင်းဘယ်ကိုသွားလဲဆိုတာသိချင်၍ မေးဖို့ဖြစ်သည်။သူမက မြန်မာစာ English Math Bioကလွဲပြီး ကျန်တဲ့နှစ်ဘာသာမှာ အားနည်းသည်။အဲဒါကြောင့် သူမစာမေးပွဲဖြေတိုင်း ဘာသာစုံမအောင်ခြင်းဖြစ်သည်။သူမသူများတွေလိုကျူရှင်တွေနေချင်ပေမယ့် သူမအမေက သူမအကိုနဲ့ဘဲ ပေးသင်တာကြောင့် သူမကျူရှင်မနေရပေ။သူမအကိုက သူမထက်IQမြင့်သည်။သူမအကိုက ၁၀တန်းကို ၃ဘာသာဂုဏ်ထူးနှင့်အောင်ထားသောသူဖြစ်သည်။သူမအကိုက သူမအမေအား သူမကိုကျူရှင်မထားဘဲ သူနဲ့ဘဲသင်ရန် ပြောထားသည်။ သူမအကိုက ‌ကျောင်းပိတ်ရက်တိုင်းအိမ်ပြန်လာပြီး သူမကိုကျူရှင်သင်ပေးလေ့ရှိသည်။အကိုက IQမြင့်သလိုသူမအပေါ် စည်းကမ်းလည်းတင်းကြပ်သည် အပြောဆိုးလည်းဆိုးသည်။အခုလည်း သူမသူနဲ့အဆူခံရမှာစိုးသောကြောင့် သူမ  Bioကိုကျက်နေလိုက်သည်။သူမစာကျက်နေစဉ် ကားသံကြားလိုက်သည်။

"ကိုကိုပြန်လာပြီးထင်တယ် ငါကိုကို့ ကို ကိုကိုဇိုင်းအကြောင်းမေးရမယ် "

ထိုအခါ သူမအကိုက သူမအခန်းထဲကို အထုပ်တစ်ထုပ်နှင့် ၀င်လာသည်။

"ကဲ့ ဂေါက်သီးမ စာရပြီးလား ငါအပြင်သွားတာ ကြာနေပြီးနော် နင်စာဘယ်နှစ်ကြောင်းရလိုက်လဲ ပြောစမ်း နင်စာရမှ ဒါကိုစားရမယ်"

သူမအကိုက သူမကိုပြောလိုက်ရင်း ထိုအထုပ်ကိုသူမအားထောင်ပြလိုက်သည်။သူမက သူမအကိုထောင်ပြလိုက်သော အထုပ်ကိုကြည့်ပြီး သူမအကိုအားမေးလိုက်သည်။

"ကိုကို အဲဒါကဘာလဲဟင်"

"ဘာလို့ပြောပြရမှာလဲ အစားကျတော့သိတယ် စာကျတော့တစ်လုံးမှမရဘူး ဒါကိုနင်စာရမှစားရမယ်လို့ပြောထားပြီးသားဘဲ ကျက်တော့ စာ အချိန်နာရီ၀က်ပေးမယ် ဒါနဲ့ နင်အခု ဘာကျက်နေတာလဲ အငယ်မ"

"Bio ကိုကို "

"Bio လား အေး ဟုတ်ပြီး အခုနင်စာမေးပွဲမှာ ပါနိုင်မယ့် အရေးကြီးတဲ့အပုဒ်တွေကိုရွေးကျက်ထား ငါအချိန်နာရီ၀က်ပေးမယ် ပြီးရင်စစ်မယ် မြန်မြန်ကျက်တော့ အချိန်မရှိဘူးနော် ခနကျရင်ကျောင်းသွားရဦးမယ်မဟုတ်လား"

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now