Part 22(Uni+Zawgyi)

1.8K 27 3
                                    

(Uni)

📞တီ တီ တီ ဟယ်လို📞

သူမသည် ထိုဖုန်းကိုမျက်လုံးတပြူးပြူးနှင့်ကြည့်နေရင်း ပြာယာခတ်နေရှာသည်။

"ငါ ငါ ဘယ်လိုလုပ်ရမလဲ မ မဖြေဘဲနဲ့ချပစ်လိုက်ရမလား"

📞ဟယ်လို ဘယ်သူလဲမသိဘူး📞

ထိုဖုန်းထဲကနေ ထွက်ပေါ်လာသည့် ဇိုင်း၏ဩရှရှအသံကြောင့် သူမခေါင်းနပန်းကျင်းသွားမိသည်။

📞အမလေး ငါဘယ်လိုလုပ်ရရပါမလဲ ချပစ်လိုက်ရမလား ဖြေလိုက်ရမလား📞

သူမသည် ထိုဖုန်းကိုကိုင်ထားရင်မျက်မှောင်ကြုံ့ထား၍ ပြာယာခတ်နေသည်။
သူမသည် ဇိုင်းကိုဖုန်းခေါ်ဖို့အသံကောင်းဟစ်နေခဲ့ပေမယ့် လက်တွေ့မှာတော့ ဇိုင်းနှင့်ဖုန်းပြောဖို့ အဆင်သင့်မဖြစ်သေးပေ။သူမသည် တစ်ဖက်ကဇိုင်း‌ပြောလာသည်ကိုဘာတစ်ခုမှမဖြေဘဲ ထိုဖုန်းကို မျက်မှောင်ကြုံ့၍ ခပ်ကြောင်ကြောင်လေးကြည့်နေမိသည်။

📞ဟေ့ တစ်ဖက်ကဘယ်သူလဲလို့မေးနေတယ်လေ📞

သူမသည် တစ်ဖက်ကဇိုင်းက အသံကျယ်ကျယ်နှင့် မေးလာသည်နှင့် လန့်သွားမိသည်။သူဒေါသထွက်သွားတာလား။ဟုတ်ပါသည်လေ သူမက သူ့ဆီကိုဖုန်းခေါ်ပြီးတော့ စကားတစ်ခွန်းမှမပြောဘဲ ဒီအတိုင်းတိတ်တိတ်ကလေးနေနေတာကို။

"သူ သူစိတ်တိုလာပြီးထင်တယ် ငါကလည်းငါကဘဲ သူ့ဆီကိုဖုန်းခေါ်မိပြီးတော့ သူမေးတာကိုဘာတစ်ခွန်းမှမဖြေတာကို အခု ငါဘယ်လိုလုပ်ရပါ့မလဲ တစ်ခုခုပြောလိုက်ရမလား"

📞ဟေ့ လူကိုဖုန်းခေါ်ပြီးတော့ ဘာလို့ဘာတစ်ခုမှမပြောတာလဲ ဘာမှမပြောတော့ရင်ချလိုက်တော့မယ်📞

"ဟာ့ ချလိုက်တော့မယ်တဲ့ မ မဖြစ်ဘူး"

သူမသည် ဖုန်းကိုနားနားမှာ အမြန်ကပ်လိုက်ပြီး..

📞နေ နေပါဦး မ မချပါနဲ့ဦး📞

📞ဟင်📞

📞ကို ကိုကိုဇိုင်း လ လ၀န်းပါ📞

📞ဟင် က ကလေးလား📞

📞ဟ ဟုတ်ပါတယ် လ၀န်းပါ ကိုကိုဇိုင်း📞

ကိုကို့ရဲ့အချစ်ကြမ်းကြမ်း(Season1)Where stories live. Discover now