အခန်း (၃၆)

Start from the beginning
                                    

"မင်းအရိုက်ခံရလိမ့်မယ်" ကျိုးကျင်းကျီက ​ပြောသည်။

ယဲဖန်သည် ​ခေါင်းခါရင်း "ငါက ကိုယ်ခံပညာ​ကောင်းတယ်ဆိုတာ မင်းမသိဘူးလား။ လူအနည်းငယ်ကပဲ ငါ့ပြိုင်ဘက် ဖြစ်နိုင်တယ်"

ကျိုးကျင်းကျီ "....."

"မင်း လူ​တွေရဲ့ တံ​​တွေးခွက်ထဲ ​​မြောသွားလိမ့်မယ်။ မင်းက အ​ထွေးခံချင်​နေတာလား" ကျိုးကျင်းကျီက ​လေး​လေးနက်နက် ဆိုလိုက်၏။

ယဲဖန်က ​ခေါင်းခါရင်း "ဒါက ညစ်ပတ်လွန်းတယ်"

"ဒါဆို မင်းပါးစပ်ကို ပိတ်ထား" ကျိုးကျင်းကျီက ​ပြောသည်။

ယဲဖန်က စူပုပ်ပုပ်ဖြင့် "မင်းက ရက်စက်တာပဲ၊ မင်းသာ ငါနှင့် နည်းနည်း​လေးမှမ​ရင်းနှီးဘူးဆိုရင် ယွင်ရှီနှင့် လက်ထပ်တဲ့အခါ မင်းကို ဖိတ်မှာ​တောင် မဟုတ်ဘူး"

ကျိုးကျင်းကျီက ​လှောင်​ပြောင်ကာ "မင်းလား။ သခင်​လေးပိုင်ကို မင်းဇနီး ဖြစ်ချင်​သေးတာလား။ ​နောက်ဘဝကျမှ ရမှာကိုပဲ ငါ​ကြောက်တယ်"

ယဲဖန်က "လူအိုကြီးကျိုး ငါ့ကို အထင်အမြင်လာမ​သေးနဲ့။ ငါက လူငယ်တစ်​ယောက်ဆိုတာ မင်းသိသင့်တယ်။ ပြီး​တော့ ..... အရည်အချင်းရှိတဲ့သူတစ်​ယောက်ပါ​နော်"

ကျိုးကျင်းကျီ "....." မင်းက တကယ်ကို ရူး​နေတဲ့​ကောင်ပဲ။

.......

ယဲဖန်က ကျိုးကျင်းကျီဆိုင်က ထွက်လာသည်ကို ​တွေ့​တဲ့အခါ ​လျောက်တင်းတင်းသည် သူမ၏သတ္တိများကို ဆင့်​ခေါ်၍ ​လျှောက်သွားခဲ့သည်။

"ယဲဖန် မ​တွေ့ရတာ ကြာပြီ​နော်" ​လျောက်တင်းတင်းက ဆို၏။

သူမကို ​တွေ့တဲ့အခါ ယဲဖန်သည် စိတ်မရှည်စွာဖြင့် "ငါအလုပ်ရှုပ်​နေတယ်" မူလပိုင်ရှင်၏ အိမ်မက်ချစ်သူ​လေးမျက်နှာ​ကြောင့် ယဲဖန်သည် မလွယ်ကူသလို ခံစားလိုက်ရသည်။ 

"ငါတို့အချင်းချင်း မ​တွေ့ရတာ ကြာပြီလေ။ ငါတို့​တွေ ထမင်းတစ်နပ်​လောက် အတူတူသွားစားကြရ​အောင်​လား" ​လျောက်တင်းတင်းက အကြံပြုလိုက်သည်။

ယဲဖန်သည် ​ခေါင်းခါရင်း "​အားနာလိုက်တာ။ ငါ့မှာ လုပ်စရာ​လေး ရှိ​သေးလို့။ ငါတို့​တွေ ​နောက်ဆို ထပ်မ​တွေ့ကြ​တော့ရင် ပို​ကောင်းမယ်လို့ ထင်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now