အခန်း (၃၁)

Start from the beginning
                                    

ကျိုးကျင်းကျီ "....." ဝူ​ဟောက်ချန်က အရူးဆို ဒီယဲဖန်က ပို​တောင်မ​ကောင်းနိုင်ဘူး။ သူတို့​တွေက မိသားစု​တွေပဲဆိုတာ အံ့သြစရာမရှိပါဘူး။

"အကိုထန် မင်းက တကယ့်ကို ပစ္စည်း​ကောင်း​တွေအများကြီးရထားတာပဲ" ကျိုးကျင်းကျီက ဆို၏။

ထန်ယုံကျင်းက ပြုံးကာ "ငါ အချိန်ရတဲ့အခါ သူတို့ကို စု​ဆောင်းထားတာ​လေ"

ယဲဖန်၏အကြည့်များကို စုတ်တံတစ်ခုက စွဲဆောင်သွား​လေသည် "သခင်​လေးယဲ ဒီစုတ်တံကို ကြိုက်လား"

ယဲဖန်က ​ခေါင်းခါရင်း "မဟုတ်ပါဘူး။ ဒါက နည်းနည်း​လေးထူဆန်း​နေလို့ပါ"

"ဘာထူးဆန်းတာလဲ" ထန်ယုံကျင်းက ​မေး၏။

"​ရှေး​ဟောင်းသင်္ချိုင်းထဲမှာဆို အမြဲကျီချင်းကို ​တွေ့ရတတ်တယ်။ ရှေး​ဟောင်းသင်္ချိုင်းက ယူ​ဆောင်လာတဲ့ ​ရှေး​ဟောင်းပစ္စည်း​တွေမှာဆို ဒီလိုမျိုး​တွေ ကပ်ညှိ​နေ​ပေမဲ့ အများအားဖြင့်က​တော့ အဆင်​ပြေပါတယ်"

"ပထမအချက်က ဒီအရာ​တွေဟာ အချိန်ကြာလာတာနှင့်အမျှ​ပျောက်ကွယ်သွားလိမ့်မယ်။ ဒုတိယအချက်အ​နေနဲ့ ဒီလိုအဆိပ်မျိုးက ပမာဏတစ်ခု​လောက်ထိ စုပုံလာတဲ့အခါမှ လူ​တွေအ​ပေါ် သက်​ရောက်လာမှာ။ ဒါ​ပေမဲ့ ဒီစုတ်တံက​တော့ ​ခေတ်မှီ လက်မှုပစ္စည်းတစ်မျိုးပဲ။ ဒါပေမဲ့ သူ့မှာ တကယ်ကို ကျီချင်းအ​ငွေ့အသက်​တွေက အ​တော်​လေးကို ပြင်းထန်​နေတယ်" ယဲဖန်က ​ပြောသည်။

ထန်ယုံကျင်းက ​"​ခေတ်မှီလက်မှုပစ္စည်းလား။ အဲ့ဒါက စုန့်မင်းဆက်က ​ရှေး​ဟောင်းပစ္စည်းမဟုတ်ဘူးလား" ​ခြောက်ကပ်စွာ ​ပြောလာသည်။

ယဲဖန်က ​ခေါင်းငြိမ့်ရင်း "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဆယ်နှစ်​ကျော်​လောက်​တောင် မရှိ​သေးဘူး"

ထန်ယုံကျင်း "....."

ကျိုးကျင်းကျီက ​​​လျှောက်လာကာ စစ်​ဆေးလိုက်သည် "ဒါက တကယ်ပဲ ​ရှေး​ဟောင်းပစ္စည်းနဲ့ မတူဘူး။ မင်းအရူးလုပ်ခံလိုက်ရပြီ"

ထို့​​နောက် ထန်ယုံကျင်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီသူငယ်ချင်းက ချမ်းသာလာပြီး​နောက် အနုပညာဆန်လာတာကို နှစ်သက်လာသည်။ ထိုအရာများသည် ​ကောင်းသည်ဖြစ်​စေ၊ ဆိုးသည်ဖြစ်​စေ သူက စု​ဆောင်းပေလိမ့်​မည်။ ရလဒ်အ​နေနဲ့က​တော့ .......

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now