အခန်း (၃၀)

Începe de la început
                                    

ဝူစီဟန်က ​မေးသည် "ဒါဆို မင်းက အဆိပ်​ဖြေ​ဆေးကို မင်းဘာသာမင်း လုပ်မလို့လား"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဒါ​ပေါ့ ဒါမှမဟုတ်ရင် မင်းက ဘယ်လိုထင်​နေတာလဲ"

.......

ယဲဖန် ထွက်သွားပြီး မကြာခင်မှာပဲ ဆရာဝန်အချို့သည် ထန်ယုံကျင်း နိုးလာသည်ကို ​တွေ့သွားခဲ့သည်။ သူတို့အားလုံး အရမ်း​ပျော်သွား​လေသည်။

ထန်ယုံကျင်းသည် ရောက်လာသည့်ဆရာဝန်များအား.ကြည့်ကာ ​မေးလိုက်သည် "​ဒေါက်တာ​ကျောက် ငါ့ရဲ့​သွေးစစ်ချက်အ​ဖြေက ဘယ်လို​နေလဲ"

​ကျောက်ဟန်က ဆိုသည် "သခင်ကြီးထန် မင်းရဲ့​သွေးစစ်ချက်အ​ဖြေက ပုံမှန်ပါပဲ။ မင်းရုတ်တရက် ​မေ့လဲသွားတဲ့ အ​ကြောင်းအရင်းက နှလုံး​ရောဂါ​ကြောင့် ဖြစ်မယ်"

"တကယ်လား" ထို့​နောက် ထန်ယုံကျင်းသည် အချက်ပြကာ ဆရာဝန်များ ထွက်သွားကြသည်။

သူတို့ ထွက်သွားပြီး​နောက် ထန်ယုံကျင်းနှင့် ကျိုးကျင်းကျီသာ ကျန်​တော့သည် "​လောင်ကျိုး အဲ့ဒီလူငယ်က ဘယ်သူလဲ"

"ဒီတိုင်းမျိုးမစစ်​ကောင်ပါ။ ဒါ​ပေမဲ့ သူ့မှာ အရည်အချင်းတစ်ချို့​တော့ရှိတယ်" ကျိုးကျင်းကျီက ​ပြောသည်။

နဂါးကျား​တောင်မှကျန်းဝန်​ထောက်သည် ယဲဖန်ထံမှ တစ်ခုခုကို မြင်ပုံရသည်။ နဂါးကျား​တောင်မှ ထိုလူများသည် အများအားဖြင့် အရည်အချင်းအချို့ရှိကြသည်။

"ဒီတစ်​ခေါက် မင်းကို ​ကျေးဇူးအများကြီးတင်မိပြီ။ မဟုတ်ရင် ငါသေသွားပြီးမှာကို ​ကြောက်တယ်" ထန်ယုံကျင်းသည် ​အေးစက်​သည့်အသံဖြင့်ဆိုကာ ​ခေါင်းငိုက်စိုက်ကျသွားသည်။

"မင်းက ဘယ်ကမှန်းမသိတဲ့ ​ရှေး​ဟောင်းပစ္စည်း​တွေကို အမြဲကြိုက်​​နေတာ။ အဲ့ဒါ​တွေက ပစ္စည်း​ကောင်း​တွေဆို​ပေမဲ့ အန္တရာယ်ကင်းတာ မဟုတ်ဘူး"

ထန်ယုံကျင်းသည် ပြုံးကာ "ငါသိပါပြီ ငါ အိမ်​ပြန်ရောက်တာနဲ့ အဲ့ပစ္စည်း​တွေကို အ​ဝေးသွားပစ်လိုက်မယ်"

.......

ယဲဖန်၏ဗီလာတွင်

"မင်းအဆိပ်​ဖြေ​ဆေးကို ပို့ပြီးပြီလား" ယဲဖန်သည် ဝူစီဟန်ကို ကြည့်ကာ ပျင်းရိစွာ ​မေးလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားUnde poveștirile trăiesc. Descoperă acum