အခန်း (၂၄)

Start from the beginning
                                    

ယန်​ဖေး "....."

.......

ပိုင်ယွင်ရှီသည် ကုတ်အင်္ကျီတစ်ထည်ကိုဝတ်ကာ မီးပုံ​ဘေးတွင် ထိုင်​နေသည်။ ယဲဖန်သည် ပိုင်ယွင်ရှီ​ဘေးတွင် ထိုင်လိုက်ပြီး "​မင်း အုတ်ဂူထဲကို သွားချင်လား"

ပိုင်ယွင်ရှီက ​ခေါင်းငြိမ့်ကာ ဆို​လေသည် "ဒါ​ပေါ့။ မဟုတ်ရင် ငါက ဒီကို ဘာလို့လာရမှာလဲ"

ယဲဖန်က မျက်​တောင်ခတ်ကာ ​မေးလိုက်သည် "မင်း မသွားလို့ မရဘူးလား။"

"ဘာလို့လဲ" ပိုင်ယွင်ရှီက ​မေးသည်။

"ဒီသင်္ချိုင်းပိုင်ရှင်က ဆာ့တ်(ထ်)ပဲ (ဂရိနှင့်​ရောမ ဒဏ္ဌာရီလာအရ ​ယောကျ်ားတစ်ပိုင်း မြင်း (သို့မဟုတ်) ဆိတ်တစ်ပိုင်းသစ်​တောနတ်)။ သူသာ မင်းလိုလှပတဲ့သူကို​တွေ့ရင် စိတ်မထိန်းနိုင်ပဲ မုဒိန်းကျင့်ဖို့ကြိုးစားလိမ့်မယ်။ အဲ့ဒီရုပ်ဆိုးတဲ့သူ​တွေပဲ သွားပါ​စေ" ဟု ယဲဖန်က ​ပြောသည်။

ယန်​ဖေး "....." ရုပ်ဆိုးတဲသူ​တွေလား။ သူ ဘာအ​ကြောင်း​ပြော​​နေတာလဲ။

ပိုင်ယွင်ရှီက ​မေးသည် "ဆာ့တ်(ထ်)တစ်​ကောင်။ မင်းလိုမျိုးလား"

ယဲဖန်က ​ခေါင်းခါကာ "မဟုတ်ဘူး။ ငါက လူကြီးလူ​ကောင်းတစ်​ယောက်ပါ"

ပိုင်ယွင်ရှီ "....."

"သကြားအုပ်ထားတဲ့​ဟောပန်းသီး(ထန်ဟူလု) စားအုံးမလား" သကြားအုပ်ထားတဲ့​သစ်သီးတုတ်ထိုးကို ယူထုတ်လာကာ ​မေး​လာသည်။

ပိုင်ယွင်ရှီသည် သူ့​ကျောပိုးအိတ်ကို ကြည့်ရင်း ထူးဆန်းစွာ ​ပြော​လေသည် "မင်းရဲ့​ကျောပိုးအိတ်က မကြီးပါဘူး။ ဒါ​ပေမဲ့ အဲ့ဒါက ပစ္စည်း​တွေအများကြီးကို တကယ်ဆန့်တာပဲ"

ယဲဖန်က ပြုံးပြီး ဘာမှဆက်မ​ပြော​ပေ။ သူသည် သူ့​ကျောပိုးအိတ်ထဲတွင် သို​လောင်​ရေးအ​ဆောင်နှစ်ခုထည့်ထားခဲ့သည်။ သူ့အိတ်ထဲက ပစ္စည်း​တွေယူထုတ်လာတယ်လို့ ထင်ရ​ပေမဲ့ တကယ်တမ်းကျ​တော့ သူ့အ​ဆောင်ထဲက ထုတ်လာတာ ဖြစ်သည်။

"မင်းသိပါတယ်။ ဒါက မကြီး​ဘူးထင်ရပေမဲ့ ပစ္စည်း​တော့ တကယ်အများကြီးဆန့်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now