အခန်း ၁၇၆

Start from the beginning
                                    

"ပြီးတော့ နှင်းတွေက ဒီနှစ်လည်း နှစ်ကောင်းလေးဖြစ်မှာပဲ"

ဆရာတော်ချန်းသယ် သူ့ကို ကြည့်မလာခင်အထိ ကျန်းလော့သည် သူတို့၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

"အစ်ကိုတော် ကြည့်ပါဦး ဒီလူငယ်လေးက ကျွန်တော်ပြောပြောနေတဲ့ သခင်လေး ကျန်းလော့ပါပဲ"

သက်တော်ကြီးနေပြီဖြစ်သော ဆရာတော်ကြီးသည် ဝမ်းသာစွာ ပြောသည်။

"ဟားဟား ဟား ဟား ဟား လူကောင်းလေးပဲ"

ကျန်းလော့သည် နှိမ့်ချစွာ ပြုံးလိုက်ပြီး

"ကျွန်တော်အရင်ထဲက ကျို့ခန်းဘုရားကျောင်းကို လာလည်သင့်တာပါ ဒါပေမဲ့ နောက်ကျမှ ရောက်လာလို့ စိတ်မကောင်းပါဘူးဗျာ"

"ဘာတွေ အရမ်းယဉ်ကျေးနေတာလဲကွယ်"

ဆရာတော်ကြီးက ရွှင်ပျစွာပြောလိုက်ပြီး သူ့မျက်လုံးများသည် လိမ္မာပါးနပ်စွာဖြင့် ကျန်းလော့ကို ကြည့်နေပြီး ဆရာတော်ချန်းသယ်ကို ပြောလိုက်ကာ

"ချန်းသယ် မင်းကပဲ သခင်ကျန်းလော့ကို ကျို့ခန်းဘုရားကျောင်းကို ပတ်ပြပေးလိုက်ပါဦး ကောကျူ မင်းကတော့ ကျုပ်နဲ့လိုက်ခဲ့ ဆရာမင်းကို မတွေ့ရတာကြာပြီ ဆရာနဲ့ ခဏလောက် စကားပြောကြရအောင်"

ကောကျူ၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာပြီး

"ဟုတ်ကဲ့ပါ"

ကျို့ခန်းဘုရားကျောင်းကို တောင်ကုန်းကြီး တစ်ခုပေါ်တွင် တည်ဆောက်ထားပြီး တောင်နယ်နိမိတ်တစ်ခုလုံးကို ခြုံ၍ တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အလွန်မြင့်မားကာ ကျန်းလော့နှင့် ဆရာတော်ချန်းသယ်တို့သည် ကျောင်းဆောင်များကို ပတ်ကြည့်ရင်း စကားစမြည်ပြောခဲ့ကြသည်။ ဆရာတော်ချန်းသယ်သည် အလွန်စိတ်ရှည်ပြီး ကျန်းလော့မေးသမျှကို မငြီးမငြူ အားလုံးဖြေပေးခဲ့သည်။ ထို့ကြောင့်ကျန်းလော့သည် သူပြောရန်ရှိသည့် စကားများကို သေချာမှတ်မိအောင်စာစီနေသည်။

ကျန်းလော့သည် ဆရာတော်ချန်းသယ်၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓကို ဦးချရှိခိုးခဲ့ပြီး အဓိကကျောင်းဆောင် အနီးနားမှ ကျောင်းဆောင်များစီသို့ လမ်းလျှောက်လာကြသည်။ သူတို့သည် ဗုဒ္ဓဝင်စာသင်သားများသာ ဝင်ထွက်ခွင့်ရှိသော ကျောင်းဆောင်များနားထိ ရောက်လာသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now