လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၁၁

Start from the beginning
                                    

သူ့ကလေးများဖြစ်နိုင်မလား သံသယဝင်နေမိသည်။ လေဆိပ်မှာတွေ့ခဲ့သည့် ချစ်စရာကောင်းပြီးထက်မြတ်သည့်ကလေးလေးကို သူ့ကလေးလေးဖြစ်စေချင်နေမိပြန်သည်။

တဖက်မှာသူ့ထည့်တွက်စဉ်းစားရသည်ကလည်းအများကြီး။ သူ့မှာတာဝန်ဝတ္တရားတွေနဲ့စောင့်ကြည့်နေတဲ့ မျက်လုံးတွေကထောင်ပေါင်းများစွာမဟုတ်လား။

......................................

ထိုင်းမှပြန်လာပြီးနောက်တော့ သားလေးက ထိုင်းဘာသာစကားသင်ချင်ပြန်သည်ဆိုလို့ အတန်းအပ်မပေးနိုင်သေးသည်မို့ Youtubeကပဲလေ့လာခိုင်းထားရပြန်သည်။ တခုခုဆို သင်လွယ်တတ်လွယ်လွန်းသည့်ကလေးဖြစ်သည့်အပြင် မိခင်ဖြစ်သည့် သူမအပေါ် နားလည်ပေးတတ်သည့် ကလေးမို့ သူမသိပ့်မပင်ပန်းခဲ့ရပါ။ မွေးစမှ တစ်နှစ်လောက်ထိပဲ ငယ်သေးလို့ အကုန်ပင်ပန်းခဲ့ရပေမယ့် အခုတော့သားလေးက သူမအတွက်အပန်းပြေစရာလေးဖြစ်လို့နေပါပြီ။

သူမ စူစူ့အတွက် မနက်စာပြင်ပြီးတော့ ကလေးအိပ်ခန်းဆီသို့ဝင်လာလိုက်သည်။ သားလေးကအမြဲသူမ နှိုးမှထတတ်သည်မို့

လှုပ်ခတ်လှုတ်ခတ်မျက်တောင်လေးတွေကြောင့် အိပ်ချင်ယောင်ဆောင်နေမှန်းသိလိုက်ပေမယ့်လဲ

" အွန်း အိပ်ပုပ်လေးကိုမနှိုးချင်ပေမယ့်လဲ မူကြိုသွားရဦးမှာဆိုတော့ နှိုးမှဖြစ်မယ်။

စူစူ ထမယ်လေ မနက်စာလဲပြင်ပီးပီ"

ပုခုံးလေးကို အသာအယာလှုပ်နှိုးပေမယ့်လဲ မျက်လုံးလေးတွေဖွင့်မလာသေး။

"စူစူ အခုမထသေးရင် ကျောင်းလိုက်ပို့မပေးနိုင်တော့ဘူးနော်"

"မားကခါတိုင်းလို အာဘွားမှမပေးတာ အဲ့တော့ အားမရှိတော့ ထလို့ရဘူးလေ"

စကားတတ်တဲ့သားလေးကြောင့် အချစ်ပန်းပြုံးလိုက်ပြီး

"ဟုတ်ပါပြီ အဲ့တာဆို အာဘွားအကြီးကြီး ဘာပြီနော်"

သူမပြောလည်းပြောရင်း နှုတ်ခမ်းကိုစူလိုက်ပြီး သားလေးပါးကို တရွတ်ရွတ်နမ်းလိုက်တော့သည်။

သွားဖွေးဖွေးသေးသေးလေးတွေအဖြီးသားနဲ့သားလေးက ပြုံးနေပြီး

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now