အခန်း ၁၇၄

Start from the beginning
                                    

ထိုစကားကြောင့် လျောင်စီသည် ခဏလောက် ချောင်းဆိုးရပ်သွားပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

"ဒီကိစ္စတွေအတွက်က အမြဲတမ်း ထွက်ပေါက်တစ်ခုတော့ ရှိတာပဲကွာ ဒါပေမဲ့ လုံးဝကြီး အောက်ဆုံးရောက်အောင်လုပ်နေတာက ငါ့ခန္ဓာကိုယ်ကွ ငါ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူး"

ဟွာပိသည် ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

အဝတ်ထူထူများဝတ်၍ ကွန်ပျူတာခုံတွင် ထိုင်နေသော လျောင်စီသည် ဘုန်းကြီးဖြစ်သည့် ကောဝူချန်ထက်တောင် ပို၍ ထူထဲစွာ ဝတ်ဆင်ထားသည်။ သို့သော် ထိုသို့ အဝတ်အထပ်ထပ်နှင့် တစ်ကိုယ်လုံး အထုတ်ထုပ်သလို ထုတ်ထားတာတောင် ပိန်ပါးနေသေးသည်။ သူသည် နွေရာသီတုန်းကထက်ပင် ပိုပိန်သွားကာ လေတိုက်လျှင်ပင် လွှင့်ထွက်သွားလောက်သည်။ ဒီအတိုင်းဆိုလျှင် လျောင်စီသည် တစ်နှစ် နှစ်နှစ်အတွင်း သေသွားတော့မည်မှာ အသေအချာပင်ဖြစ်သည်။

ကွန်ပျူတာမှ အပြာရောင်အလင်းရောင်သည် လျောင်စီ၏မျက်လုံးထဲမှ ဆက်လက်ရှင်သန်လိုသည့်စိတ်ထားကို မီးမောင်းထိုးပြနေသလို ထင်ရှားနေစေပြီး

"မင်းသိလား ငါ့အိပ်မက်ကလေ"

"ငါက အလောင်းမုဆိုးတွေရဲ့ နောက်ဆုံးမျိုးဆက်ကွ ငါသေသွားရင် လျောင်မိသားစုရဲ့ ဘိုးဘေးအဆက်ဆက် ဆင့်ကမ်းလာတဲ့ အလောင်းထိန်းချုပ်ခြင်း ပညာရပ်လည်း ပျောက်ကွယ်သွားမှာ "

လျောင်စီကပြောသည်။

"ငါသိတတ်စအရွယ်ကနေ ကြီးလာတဲ့အထိ အလောင်းတွေကြားထဲမှာ အိပ်ပြီး သူတို့နဲ့အတူတူ စားသောက်လာခဲ့တာ ငါသူတို့နဲ့နေပြီး နှစ်နှစ်ဆယ်ကြာအောင် သင်ယူခဲ့တယ် ရလဒ်က ငါ့အရိုးတွေထဲထိ အလောင်းကောင်ဆီတွေ စိမ့်ဝင်သွားပြီး ငါ့တစ်ကိုယ်လုံး အလောင်းကောင်နံ့ထွက်လာတာပဲ ငါက အလောင်းမုဆိုး ဖြစ်ဖို့ ပါရမီပါခဲ့ပြီး ငါ့ဘိုးဘေးတွေလောက်ပဲ တတ်နိုင်တဲ့ ပညာတချို့ကိုလည်း ဒီနယ်ပယ်ထဲမှာ ငါကျွမ်းကျင်သေးတယ် ဒါပေမဲ့ ငါဘယ်တော့မှ အလောင်းတစ်ကောင်ကိုတောင် မထိန်းချုပ်ခဲ့ရဘူး ဘာလို့လဲဆိုတော့ ငါ့ခန္ဓာကိုယ်က အလောင်းထိန်းချုပ်စီးနင်းနိုင်ဖို့ လုံလောက်အောင် မသန်မာလို့လေ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now