အခန်း (၁၁)

Start from the beginning
                                    

ယဲယင်လန်သည် မူလက သူမအဘိုးသည် သူမဘက်က​နေရပ်တည်ပေးလိမ့်မယ်ဟု ထင်ခဲ့သည်။ ဒါ​ပေမဲ့ ယဲတင်းဟုန်၏သ​ဘောထား​ကြောင့် သူမသည် အဘိုးအ​ပေါ် အားမကိုးနိုင်သည့်အတွက် ယဲဖန်အ​ပေါ် ပို၍ နာကျည်းမှု ပြင်းထန်လာသည်။ 

.....

ယဲဖန်သည် ​သွေးဂျင်ဆင်းကို ဂရုတစိုက် ဖြတ်​တောက်ကာ အရည်ကိုထုတ်ပြီး အပိုင်း​သေး ဆယ်ပိုင်း ခွဲခြားလိုက်၏။ ထို့​နောက်ကုတင်ပေါ်တွင် ထိုင်ကာ သူတို့ထဲမှ ဝိညာဥ်စွမ်အားများကို စုပ်ယူတော့သည်။ ဝိညာဥ်စွမ်အားများ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသောကြောင့် စိတ်မလှုပ်ရှားပဲ မ​နေ​နိုင်ပေ။ ​သွေးဂျင်ဆင်းတစ်ပိုင်း၏ ဝိညာဥ်စွမ်အားသည် ​ပုံမှန်အချိန်များတွင် လေး၊ငါးရက်စာ ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။ သူက ကျင့်ကြံခြင်း၌ နှစ်မြုပ်​နေသည့်အချိန်တွင် တစ်စုံတစ်​ယောက်က တံခါးလာ​ခေါက်​သော​ကြောင့် သူသည် ရပ်လိုက်ရသည်။ 

ယဲဖန်သည် တံခါးကို ဖွင့်ပြီး စိတ်မရှည်စွာ မျက်​မှောင်ကြုတ်လိုက်သည် "ဒီကို ဘာလာလုပ်တာလဲ"

"မင်းရဲ့ သ​ဘောထားက ဘာတုန်း"

ယဲဖန်သည် စိတ်မရှည်စွာဖြင့် "တစ်ခုခု ​ပြောစရာရှိရင်​ပြော၊ မရှိရင်လဲပြန်​တော့"

ယဲဟုန်ဝမ်သည် သူ့သ​ဘောထား​ကြောင့် ရူးသွပ်သလို ခံစားလိုက်ရသည် "မင်းညီမကို ဘာလို့ရိုက်ရတာလဲ။ သူမကို ရိုက်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ။ မင်းက တကယ်ကို ပိုပိုပြီး ရဲတင်းလွန်းနေပြီ"

"သူမက ငါ့လမ်းကို လာပိတ်ပြီး ပိုက်ဆံခိုးတယ်လို့ စွပ်စွဲလို့​လေ။ ဒါ​ပေါ့ ငါ သူ့ကို ရိုက်လိုက်တယ်။ သူမရဲ့ မ​ကောင်းတဲ့ ပါးစပ်​ကြောင့်​လေ။ ငါ သူမကို ရိုက်ချင်တယ်လို့ မင်းထင်လား။ အခု​တောင် ငါ့လက်က နာကျင်​နေတုန်းပဲ" ယဲဖန်က သူ့​မေး​စေ့ကို ကိုင်ရင်း​ဖြေလိုက်သည်။

ယဲဟုန်ဝမ်သည် သူ့ကို ကြည့်ပြီး "မင်း... မင်း အဲ့ယွမ်သုံးသန်းကို ဘယ်ကရလာတာလဲ"

ယဲဖန်သည် မျက်လုံးကို ကျဥ်းလိုက်ကာ "ဒါ မင်းပိုက်ဆံ​တွေ မဟုတ်ဘူး။ ဘာလို့ ဒီ​လောက်လာ​မေး​နေရတာလဲ။ တခြားမိန်းမနဲ့ လူယုတ်မာနှစ်​ယောက်ကို ပြုစုပျိုး​ထောင်ဖို့ ငါ့အ​မေရဲ့ အ​မွေ​တွေကို သုံးခဲ့ပြီး အခုမှ ငါ့ကို ဘာလို့ဂရုစိုက်​နေရတာလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now