" ဝါး .. The Boy Album ပဲဟ။ ဒါက .. ဝိုး .. ဒါက ၂၀၁၁ က World Tour DVD ခွေကြီးပဲ။ ဝိုး မိုက်ချက် "

အခွေတစ်ထပ်ကြီးကို တစ်ခုချင်းစီကြည့်ရင်း သက်လွှာ အရမ်း ပျော်ရွှင်နေသည်။ ဘေးနားက စားပွဲပေါ်မှာလည်း ပိုစတာများနှင့် Photo book တွေလည်းရှိနေသေးသည်။ သူ့ရဲ့တီလေး တိုက်ခဲ့တဲ့ surprise ကသက်လွှာကို ရင်ခုန်ကြည်နူးဖွယ် ဖြစ်စေခဲ့သည်။

" ဒေါ်သိမ်မွေ့ထည်ရယ် ရှင်ကတော့ တကယ်ပါပဲ "

အခွေတွေကို လက်ထဲ၌ပွေ့ပိုက်ထားရင်း နှုတ်ခမ်းမှဖွဖွလေးရေရွတ်ကာ သက်လွှာ ပြုံးရယ်နေမိတာ ပါးစပ်တောင် မပိတ်နိုင်ခဲ့ပေ။ သူတော်တော်လေးကို ဝမ်းသာပျော်ရွှင်နေသည်လေ။

X X X X X

" ရော့ ဒီမှာ ဖိတ်စာ "

" ဟဲ့ သူဇာစိုး .. နင်ငါ့ကို တကယ် အတည်ကြီး ပြောခဲ့တာပဲ ကြည့်စမ်း။ ငါက နင်ငါ့ကို စနောက်နေတယ်ပဲထင်တာ "

သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်သည့် သူဇာစိုးက မင်္ဂလာဆောင်ဖိတ်စာကြီးကို သူ့လက်ထဲလာထည့်ပေးတော့ သိမ်မွေ့ထည် အတော်ကြီးအံ့သြသင့်သွားသည်။

" ဟဲ့ ဒါစနောက်စရာမှ မဟုတ်တာ သိမ်မွေ့ထည်ရယ်။ နင်တစ်ယောက်နဲ့တော့ ခက်တော့တာပဲ "

" နင်ကဟိုးအရင်ကတည်းက တစ်ချိန်လုံး ယောကျာ်းယူတော့မယ်ချည်း တတွတ်တွတ်ပြောနေတော့ ငါကအရင်လိုပဲ စနေတယ်ထင်တာပေါ့ "

ရယ်ရယ်မောမောဖြင့်ပြောနေရင်း မင်္ဂလာဆောင်ဖိတ်စာကို ချက်ချင်းပင် ဖွင့်ဖတ်နေသည်။ ပြီးတော့ ဘေးကခုံမှာထိုင်နေတဲ့ သူဇာစိုးရဲ့ပခုံးကို အားဖြင့် ဖြောင်းခနဲ ရိုက်ချလိုက်လေသည်။

" ဖြောင်း .. "

" အ .. နာတယ်ဟ သိမ်မွေ့ထည်ရဲ့ "

" နင်ဟာ နင်တကယ်မကောင်းဘူးသိလား။ ငါ့ကို တစ်ချက်လေးတောင် ဘယ်သူဘယ်ဝါဆိုပြီး ကြိုမပြောပြခဲ့ဘူး "

" သြော် ငါကလည်း တကယ်သေချာပြီ ကျိန်းသေပြီဆိုတော့မှ နင့်ကို surprise တိုက်မလို့ပါ မိန်းမရယ်။ အခုနင် တအားအံ့သြသွားရတယ် မဟုတ်ဘူးလား ပြော "

ElegantWhere stories live. Discover now