Chapter - 73

4.6K 773 34
                                    

『Unicode 』

အခန်း ( ၇၃ ) : ကျိနင် မင်းက သေတော့မှာလား ?

※※※※※※※※※※※※※※※※※※※※


ကျွန်တော်အိပ်နေပြီအထင်နှင့် သူ ဒီလိုပြောသလား မသိသလို ကျွန်တော့်​၏ တုံ့ပြန်ချက်ကို သူလိုအပ်သလားလဲ မသေချာပါ။ တုံ့ဆိုင်းနေစဉ်အတွင်း စကားပြောဖို့အချိန်ကောင်းကို လွတ်ကာ သူသည် အမှောင်ထုကို ရင်ဆိုင်လျက်အိပ်ပျော်သွားခဲ့​၏။

လူသားများကြားက ဆက်ဆံရေးတို့ကို တစ်ခါတရံမှာ ရိုးရိုးရှင်းရှင်းနှင့် " ကောင်းတယ် " ၊ " မကောင်းဘူး " ဟူ၍အကြမ်းဖျင်း ခွဲခြားလို့မရပေ။ လုံးဝ " ကောင်း " တာ မဟုတ်ပါလျှင် " ဆိုး " တာပဲ ဖြစ်ရမည်။ ဤကမ္ဘာပေါ်မှာအစစ်အမှန်ကောင်းမွန်သောလူဆိုတာ ဘယ်လောက် များမည်နည်း ?

ကျွန်တော့် အမေလိုပေါ့။ သူမဟာ ကျွန်တော့်ကို ကြိုးစားပျိုးထောင်ပေးခဲ့သည်။ သူမကိုယ်တိုင်အတွက် အဝတ်အစားအသစ်ကို ဘယ်တုန်းကမှ ဝယ်ဖို့ စိတ်ကူးမရှိပေမယ့် ကျွန်တော့်ကို Celloဝယ်ပေးဖို့အတွက် ယွမ်တစ်သောင်းလောက်သုံးလိုပါ​၏။ သူမဟာ ခြွင်းချက်မရှိ ကျွန်တော့်အပေါ် ကြင်နာပေးခဲ့သည်။ သို့သော် ကျွန်တော် သူမမျှော်လင့်သလို ဖြစ်မလာခဲ့သောအခေါက်တိုင်းမှာ သူမဟာ ကျွန်တော့်ကို ရိုက်နှက်ကြိမ်းမောင်းပြီး အလုံးစုံကို မိမိမှာရှိသော တခြားဗီဇတစ်ဝက်​၏" ယုတ်ညံ့မှု " ဆီသို့ ပုံချလေ့ရှိသည်။

နောက်ထပ် ဥပမာကတော့ ကျွန်တော့်အဖေ။ကျွန်တော့် မှတ်ဉာဏ်တွေထဲ၌ သူဟာ အမြဲတစေ ဟာသဉာဏ်ရွှင်ပြီးတက်တက်ကြွကြွနှင့် စကားကြွယ်လှသည်။ ကျွန်တော့်အပေါ်မှာလဲ အမြဲတမ်း စိတ်ရှည်ခဲ့​၏။ ကျွန်တော် ဆန္ဒအတိုင်းတောင်းဆိုမိတိုင်း သူက အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးတတ်သည်။ သို့သော် သူ ဖောက်ပြန်ချိန်မှာတော့ သူ့ကလေးနှစ်ယောက်ကို ထည့်မစဉ်းစားခဲ့ပေ။ သူဟာ " အဖေ " တစ်ယောက်ဖြစ်နေမှန်းတောင် သဘောမပေါက်လောက်ဟူ၍ပင် ကျွန်တော် ထင်မြင်မိ​၏။

ကျွန်တော့်အကြောင်း ထပ်ပြောကြဦးစို့။ ကျွန်တော်ဟာ ရန်ချင်းကျွမ်းကို ချစ်ခဲ့မိပြီး ရင်တစ်ခုလုံးနှင့်ရင်း၍ လွမ်းဆွတ်ကာ သူ့အတွက်အရာအားလုံး လုပ်ပေးချင်စိတ်ရှိခဲ့သည်။ သို့သော် ကျွန်တော်သူနှင့် ပလဲပနံသင့်လာသောအခါ သူ့ခံစားချက်တွေကို ဒုတိယနေရာထားကာ ကျွန်တော့်မှာ မကောင်းသောအတွေးတွေ တစ်ခါထက်ပိုပြီး ရှိလာခဲ့သည်။ကျွန်တော်သူနှင့် လင်းရှန့်ကို တိုင်ကြားခဲ့သည် ၊ သူ့လက်စွပ်ကို ဖျောက်ခဲ့သည် ၊ လင်းရှန့် တရုတ်ပြန်ရောက်နေသောသတင်းကိုဖုံးထားခဲ့သည် ၊ သူ မူးနေတုန်း မကောင်းသည့်အရာတွေလုပ်ရန် အခွင့်ကောင်းယူခဲ့သည်......

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now