Chapter - 12

3.8K 620 14
                                    

『Unicode』

အခန်း ( ၁၂ ) : ကျွန်တော် သတိရှိတာ မလုံလောက်သေးလို့ပဲ။

※※※※※※※※※※※※※※※※※※※



၎င်းနောက် ကျွန်တော် သခင်လေးနှင့် ကြောင်နှင့်ကြွက်ဆော့နေတာကို ရပ်လိုက်တော့သည်။ ကြောင်ဖြစ်ရမည့်အစားကြွက်ဖြစ်သွားရမှာကို ကျွန်တော် ကြောက်မိသည်လေ။

ကျွန်းပေါ်မှာ အလုပ်လုပ်ရသည်က အမှန်တကယ် အေးအေးလူလူရှိလှ​၏။ လက်ဖက်ရည်သောက်ချိန်အပါအဝင် ကြားရက်တွေမှာ Celloသင်ခန်းစာချိန်က တစ်နာရီ နှစ်နာရီမျှသာ။ စနေနေ့တွင်လည်း နောက်ထပ် အားရက်ပေးထားသည်မို့ကျွန်းမှာနေချင်နေ ၊ ချုန်းဟိုင် ပြန်ချင်ပြန် မိမိကြိုက်သလို စီမံနိုင်သည်။

မူလက ကျွန်တော် rosinနှင့် ကြိုးတွေဝယ်ရန် စနေနေ့၌ ကျွန်းမှ ထွက်ခွာရန် ပြင်ထားသော်လည်း နေ့လယ်စာစားပြီးနောက် ထွက်သွားမည်အပြု ရုတ်တရက်ကြီး နန်ရှန်ထံမှ မက်ဆေ့ချ်တစ်စောင်ရခဲ့သည်။ သူက ကေသရာဇာကျွန်း ၊ ဟယ့်လျန် အပန်းဖြေစခန်းသို့ ရောက်နေပြီး တစ်ဖက်မှာ ကျွန်တော့်ကို တွေ့နိုင်ဖို့ မျှော်လင့်ကြောင်းပါပင်။

ချန်ချောင် ကျွန်တော့်ကို ကျွန်း​၏ ရှုခင်းတွေ လိုက်ပြစဉ်က ကျွန်တော် ဓာတ်ပုံရိုက်ပြီး Momentsမှာ တင်ခဲ့သည်။ လေထုက ကောင်းမွန်ပြီး အလုပ်လုပ်၊နေထိုင်ဖို့အတွက် သင့်တော်ကြောင်း ပြောခဲ့သေး​၏။ ဤသည်မှ နန်ရှန်က ကျွန်တော့်​၏တည်နေရာကို သိသွားသည်ထင်သည်။

အလုပ်အားရက်၌ ချန်ချောင်ကို ကားမောင်းခိုင်း၍ အနှောင့်အယှက်မပေးလိုတာကြောင့် ကျွန်တော် ကျွန်း​၏အသွားအပြန်ရှိသည့် ဘတ်စ်ကားကိုစီး၍ အရှေ့သို့ရောက်လာခဲ့သည်။

ဘတ်စ်ကားက ဟယ့်လျန် အပန်းဖြေစခန်းအပေါက်ဝမှာ ရပ်သွားခဲ့သည်။ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့်မော့ကြည့်လိုက်လျှင် ကာစီနိူ​၏ ရွှေရောင်တံခါးပေါက်ကြီးကို မြင်လိုက်ရသည်။

" မင်း ဘယ်မှာလဲ ? " ကျွန်တော် နန်ရှန်ဖုန်းကို ဆက်ကြည့်လိုက်သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now