Chapter - 14

4.1K 678 37
                                    

『Unicode 』

အခန်း ( ၁၄ ) : မင်း မေ့သွားတာလား ?

※※※※※※※※※※※※※※※※※※※※



ကားထဲက ဆင်းလိုက်သည်နှင့် ချန်ချောင်က စိုးရိမ်တကြီးဖြင့် ဆီးကြိုလာသည်။

" နင်ကော အဆင်ပြေရဲ့လား ? " သူက ကျွန်တော့်ကို စုံခြည်ဆန်ခြည်ကြည့်​၏။ ကျွန်တော့်လက်မှ ဒဏ်ရာတွေကို သူမမြင်သော်လည်း မျက်နှာမှ ရိုက်ရာကို မြင်သွားခဲ့သည်။ ချက်ချင်းပင် ထိတ်လန့်သလိုဖြင့် သူက : " ငိုး ရိုက်ရင်တောင် မျက်နှာမရိုက်ရဘူးတဲ့။ ရှယ်ကောက ဒီလောက် ကြမ်းကြမ်းလုပ်ရအောင် ရူးနေတာလား ? "

၎င်းနောက် သူက သီးသန့် ညီငယ်တစ်ယောက်အဖြစ် ကိုယ့်တာဝန်ကိုယ် မကျေမိပဲ အနားမှာ မရှိပေးနိုင်ခဲ့ခြင်းကြောင့်ကျွန်တော် ဒီလိုခံစားရသည်ဟူ၍ သူ့ကိုယ်သူ အပြစ်တင်နေခဲ့​၏။ သူသည် မျက်မှောင်ကုတ်၍ မျက်နှာမကောင်းဖြစ်နေပြီးကျွန်တော့်ထက် ပိုနာကျင်နေဟန်။

ဘယ်ရှု့ထောင့်ကပဲ ကြည့်ပါစေ ခုံထန်​ ကြက်ဥပြုတ်ကို ဤထိတ်လန့်ဖွယ်ကိစ္စများနှင့် အပြစ်ဖို့လို့မရနိုင်ပေ။ ထို့အပြင် သူရှိနေခဲ့လျှင်တောင် ခုံထန်က ယဉ်ကျေးနေမှာမဟုတ်ပဲ မိမိနှင့်တကွ ချည်ထားလိမ့်မည်ဟု ခံစားရ​၏။

" အဆင်ပြေပါတယ်။ အသေးစား ဒဏ်ရာလေးတွေပါ။" ကျွန်တော် သူ့ကို နှစ်သိမ့်မိသည်။

" ကားထိုးလိုက်။ ငါတို့ မနက်ဖြန်မှ ပြောမယ်။ " ရန်ချင်းကျွမ်းက လျှောက်လာ၍ ချန်ချောင်ကို ကားသော့လှမ်းပေးသည်။

" အို့ ကောင်းပြီလေ​။ " ချန်ချောင်က နာခံစွာနှင့် သော့ကိုယူလိုက်ပြီး : " ဒါဆို ယောင်ကော ၊နင်ကော ဒီည အစ်ကိုတို့ကောင်းကောင်းနားကြပါ။ "

ကျွန်တော် အိမ်ထဲ အခြေချလိုက်၍ အတော်လေးရင်းနှီးသောပတ်ဝန်းကျင်သို့ ပြန်ရောက်လာပါမှ ကျွန်တော့်အာရုံကြောတွေ ပြေလျော့သွားခဲ့ရသည်။

ကျွန်တော် ဆိုဖာမှာ ခြေပစ်လက်ပစ်လှဲလိုက်၍ ခေါင်းငုံ့၊ မျက်လုံးမှိတ်လိုက်မိသည်။ ယနေ့ညအဖြစ်အပျက်များကအိပ်မက်တစ်ခုနှယ် ခံစားရ​၏။ တွေးကြည့်လိုက်ရုံဖြင့်ပင် နှလုံးသားအောက်ခြေအထိ အေးစိမ့်သွားသလို ခံစားရစေနိုင်လောက်သော အိပ်မက်တစ်ခု။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now