Chapter - 56

3.8K 646 33
                                    

『Unicode』

အခန်း ( ၅၆ ) - ကျေးဇူးတင်ပါတယ်။

※※※※※※※※※※※※※※※※※※※※



ရန်ကျန်နှင့် ပတ်သတ်၍ကြောင့်ပေလား ၊ ရန်ချင်းကျွမ်းတွင်လည်း မသိလိုက်မသိဘာသာနှင့် " နယ်မြေ " ဟူသော အယူအဆမျိူးရှိလေသည်။

အရွယ်မရောက်သေးသော သားရဲတစ်ကောင်လို သွားလေရာနေရာတိုင်း၌ သူ့နယ်မြေကို ပြည်ပရန်သူများထံမှအလိုအလျောက်ကာကွယ်ကာ တံတိုင်းကာထားတတ်သည်။

ကြည့်ရသည်မှာ သူသည် သူ့အဖေနှင့် ပြတ်သားသောမျဉ်းတစ်ခုဆွဲရန် သူ့လက်သီး ၊ ခန္ဓာကိုယ်နှင့် တခြားသူတွေ ကြုံသလိုပြဿနာရှာသည်ဟု ထင်ကြသော သောင်းကျန်းမှုတို့ကို အားကိုး၍ ရိုင်းပျသော " တရားမျှတမှု " ဆိုတာကိုခေါင်းမာမာနှင့် ထိန်းထားချင်သည့်ပုံပင်။

ရှောင်ဟေး​၏သေဆုံးမှုက သူအတွက် အကြီးမားဆုံးဒဏ်ချက်ဖြစ်သည်။ အထူးသဖြင့် ခွေးကို နှိပ်စက်နေသော ဗွီဒီယိုကျောင်းမှာ ပြန့်လာသောအချိန်။ ယင်းက သူ​၏ ဆိုးရွားနေသောအနာကို ဆားသိပ်လိုက်သကဲ့သို့ပင်။

သူ့နယ်မြေကို ရက်ရက်စက်စက် လာနင်းခံရခြင်းပင်။ ထိုလူများသည် သူအမြဲဂရုတစိုက်နှင့် စောင့်ကြပ်ထားသောအရာတွေကို နင်းခြေ၍ သူ​၏ ဆင်ခြင်တုံတရားကို စိန်ခေါ်ကာ အာရုံကြောတွေကို လာဆွပေးတာပဲဖြစ်သည်။ယင်းက သူ့ကိုယုံကြည်စိတ်ချရသော စောင့်ကြပ်သူအဖြစ်မှ ရုတ်တရက်ဆိုသလို ရက်စက်ကြမ်းကြုတ်သော အာဏာရှင်အဖြစ်သို့ပြောင်းလဲသွားစေခဲ့​၏။

သူသည် ဖြစ်လာနိုင်ဖွယ်ရှိသည့် အန္တရာယ်များကို ငြင်းပယ်၍ ရှောင်ဟေးကို သတ်နိုင်သည့် လူအားလုံးကိုလက်လွတ်စပယ် ရန်လိုလာခဲ့ပြီး သူ့ " နယ်မြေ " ကို ထင်တိုင်းကြဲသလို ပုံစံမျိုးနှင့် စတင်ကာကွယ်လာခဲ့တော့သည်။

ကျွန်တော်နှင့် သူ ပြတ်စဲခြင်းမှာလည် အတိအကျက သည်အတွက်ကြောင့်ပင်။

" ကျောက်ဖုန်းကို ငါ ကျူရှင်ပေးတာက လုံးဝကို တိုက်ဆိုင်မှုပါပဲ "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now