Chapter - 45

3.9K 661 27
                                    

『Unicode 』

အခန်း ( ၄၅ ) : ဒါကို စိတ်ပူနေစရာမလိုဘူး။

※※※※※※※※※※※※※※※※※※※※


ကျင်ချန်ယွီက သေနတ်များကို ကြိုက်သည်။ ကျွန်းပေါ်၌ သူ အပစ်လေ့ကျင်ရန် မိုးလုံလေလုံ ပစ်ကွင်းပင် သီးသန့်ရှိသေး​၏။ ယင်းအား အပြင်ဘက်ကမ္ဘာကို ဖွင့်လှစ်ပြထားသော်လည်း ကျွန်းကိုလာသည့် လူအများစုဟာ ဟယ့်လျန်အပန်းဖြေစခန်းကိုသာ သွားကြလေ့ရှိသည်။ တစ်လျှောက်လုံး အပစ်လေ့ကျင့်ရန် လာသည့်လူဟူ၍ သိပ်မများလှ။ အချိန်ကြာလာသည်နှင့် ပစ်ကွင်းဟာ အဖွဲ့အစည်း​ရှိ အတွင်းလူများ​၏ အေးအေးလူလူ ပျော်စံနေရာတစ်ခု ဖြစ်လာခဲ့တော့သည်။

ထိုနေ့က ကျွန်တော် အတန်းပြီးသည်နှင့် ရန်ချင်းကျွမ်းက ဖုန်းခေါ်လာခဲ့သဖြင့် ပစ်ကွင်းသို့ တန်းတန်းမတ်မတ်ပို့ပေးရန်မားရှု့ကို တောင်းဆိုလိုက်ရသည်။

" ယောင်ကောက ပစ်ကွင်းသွားရတာ ကြိုက်တယ်လေ။ နေ့တိုင်းနီးပါးလောက် အနားယူဖို့ သွားတတ်တာ။ သူလက်ဖြောင့်တာကလဲ မလွဲစတမ်းပဲ။ ဘယ်ညီအစ်ကိုမှ သူ့ကို မကျော်နိုင်ဘူး။ သူက လက်ဖြောင့်ပဲ။ အကြီးဆုံးသခင်လေးက မယုံလို့သူနဲ့ပြိုင်ကြည့်တာ ၊ စိတ်ပျက်လက်ပျက်ဖြစ်ရအောင် ရှုံးသွားတယ်လေ။ သူဖြင့် ဒေါသတွေထွက်လွန်းလို့ နားကြပ်ကိုတောင် ပစ်ချလိုက်တာ " ပြောပြီးသည်နှင့် မားရှု့က အော်ဟစ်ရယ်မောလေ​၏။

သစ်ပင်တန်းဧရိယာတစ်ခုသို့ လှည့်သွားပြီးနောက် အရှေ့တွင် များစွာသော ဆက်လျက် အညိုရောင် တစ်ထပ်အဆောက်အအုံတွေပေါ်လာခဲ့သည်။၎င်းတို့သည် သာမန်သွင်ပြင်မျိုးသာ။ကားပါကင်၌ ကား နှစ်စီး၊ သုံးစီးမျှသာထိုးထား​၏။ ဂိတ်အတွင်းသို့ ဝင်လိုက်သည့်အချိန်မှ ကျွန်တော် သေနတ်သံတွေကိုကြားလိုက်ရသည်။ အသံလုံစနစ်ကတော့အတိုင်းထက်အလွန်ပင်။

မားရှုက ကျွန်တော့်ကို အတွင်းသို့ လိုက်ပို့မည်ပြောသည့်တိုင် ကျွန်တော် သူ့ကို ပြန်ခိုင်းလိုက်ပြီး မိမိတစ်ယောက်တည်းဖြင့် ဝန်ထမ်းတစ်ယောက်အား ဦးဆောင်ခေါ်သွားစေခဲ့သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now